ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော်   မေ   ၁၃


ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်အတွင်း ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက် ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်   တာဝန်ရှိသူများက   ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်  တိုင်းဒေသကြီး   ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး       စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား   ရင်းရင်းနှီးနှီး  နှုတ်ဆက်အားပေး ၍ လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ      ပေးအပ်ခဲ့ကြောင်း     သိရ သည်။(ယာပုံ)                                  

  သတင်းစဉ်