ဧရာဝတီတိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

ပုသိမ်  ဇန်နဝါရီ   ၁၇


စားရေရိက္ခာဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် အမှာစကားပြောကြားသည်။

 


အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က     ဧရာဝတီ တိုင်းဒေသကြီးသည်   ရေခံမြေခံ ကောင်းမွန်ပြီး   စိုက်ပျိုးမွေးမြူ ရေးကို    အခြေခံသည့်    ဒေသ  ဖြစ်သည်နှင့်အညီ  နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ် သည့် တိုင်းပြည်သာယာဝပြောရေး နှင့်      စားရေရိက္ခာဖူလုံရေးကို အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိုးစပါး၊နွေစပါး စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး၊     ရိုးပြတ် ကျန်ဧကများတွင် နွေစပါးအပါ အဝင် အခြားသီးနှံများ  စိုက်ပျိုး လျက်ရှိပါကြောင်း၊   မြေဆီ၊   မြေ သြဇာများ   ပြန်လည်ကောင်းမွန် လာစေရေးအတွက် ၂၀၂၃ ခုနှစ် တွင် ရေတော်မိုးတော် မိုးစပါးစိုက် ဧက   တစ်သိန်းအား    သစ်စိမ်း မြေသြဇာ    (ပိုက်ဆံလျှော်)  များ ထည့်သွင်း စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဆီဖူလုံစေရေးအတွက်     လည်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား တိုးချဲ့ စိုက်ပျိုးလျက်     ရှိပါကြောင်း၊  စိုက်ပျိုးရေလုံလောက်စွာ ရရှိစေ ရေးအတွက် ချောင်းပိတ်၊ မြောင်း ပိတ်လုပ်ငန်းများ၊ မြောင်းတူးဖော် ခြင်းလုပ်ငန်းများကို စိုက်ပျိုးချိန် အမီ      သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် မြစ်ရေတင်လုပ်ငန်း များ၊ ဆည်ရေသောက်လုပ်ငန်းများ ဖြင့်   စိုက်ပျိုးရေ   ပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သား/ငါး ကဏ္ဍတွင် အင်းလုပ်ငန်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း များ၊ မွေးမြူရေးကန်များဖြင့် ငါး၊ ပုစွန်၊ ကဏန်း စနစ်တကျမွေးမြူ ခြင်း၊ အသားတိုးကြက်၊ ဝက်၊ နွား၊ ဆိတ်မွေးမြူခြင်း၊ ဥစား(ကြက်/ဘဲ)  မွေးမြူခြင်း စသည့်လုပ်ငန်း များဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်းနှင့်   အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများက  စားရေရိက္ခာဖူလုံရေး အပြန်အလှန်ဆွေးနွေးပေးကြရန် နှင့် ရလဒ်ကောင်းများ ထွက်ပေါ် လာစေရေး   ဆောင်ရွက်ပေးရန် ပြောကြားသည်။

 


ထို့နောက်    လယ်ယာကဏ္ဍ ဖွံ့ဖြိုး       တိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသ ကြီး  ဦးစီးမှူး  ဦးစိန်မောင်မြင့်က လည်းကောင်း၊     စိုက်ပျိုးရေ လုံလောက်စွာ   ရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး   ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန     တိုင်းဒေသကြီး ဦးစီးမှူးက လည်းကောင်း၊ မွေးမြူ ရေးနှင့်    သားငါးကဏ္ဍ    ဖွံ့ဖြိုး တိုးတက်ရေးအတွက် မွေးမြူရေး နှင့်    ကုသရေးဦးစီးဌာနနှင့်   ငါး လုပ်ငန်းဦးစီးဌာနတို့မှ    တိုင်း ဒေသကြီး ဦးစီးမှူးများက လည်း ကောင်း၊            ကုန်ထုတ်လုပ် မှု   တိုးတက်မြင့်မားရေးအတွက် စားသုံးသူရေးရာဦးစီးဌာန   တိုင်း ဒေသကြီး    ဦးစီးမှူးက   လည်း ကောင်း  ဆွေးနွေးတင်ပြကြပြီး    Global Earth ကုမ္ပဏီ၊ Htoo Htet Han  ကုမ္ပဏီ၊    Delta Queen ကုမ္ပဏီတို့က မွေးမြူရေးလုပ်ငန်း များနှင့်   ပတ်သက်၍   ဆွေးနွေး တင်ပြပြီး  ပုသိမ်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်က သိရှိလိုသည်များ   မေးမြန်းဆွေးနွေးသည်။ 

 


ထို့နောက် စားရေရိက္ခာဖူလုံ ရေး အလုပ်ရုံဆွေးနွေးပွဲစကားဝိုင်း ကို ဆက်လက်ကျင်းပရာ Stake- holder များ၏ ဆွေးနွေးချက်များ အပေါ် အစုအဖွဲ့လိုက်  ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)