
ညောင်ဦး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိရာ ညောင်ဦးမြို့နယ် အမှတ်(၁၊၂၊၄၊၇၊)ရပ်ကွက်များရှိ အိမ်ထောင်စုများမှ အိမ်အသုံးအဆောင်ပစ္စည်းများ ရေလွတ်ရာသို့ ကူညီရွှေ့ပြောင်းမှု များဆောင်ရွက်ခြင်းကို ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်နိုင်လင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များက ဌာနပိုင်ယာဉ်၊ လူမှုကူညီရေးအသင်းယာဉ်များဖြင့် ရေဝင်ရောက်အိမ်များမှ အသုံး ဆောင်ပစ္စည်းများကို အိမ်အပေါ်ထပ်များသို့ ပြောင်းရွှေ့ပေးခြင်း၊ ရေဘေးရှောင်စခန်းများသို့ ကူညီရွှေ့ပြောင်းသယ်ဆောင်ပေးခြင်း နှင့်ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ကူညီပေးခဲ့ ကြ ကြောင်း သိရသည်။ ဒီပါလင်း
ပန်းတောင်း
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ ထုံးဘို အုပ်စု ခတ္ထိယရပ်ကွက်အတွင်း၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှု ကြောင့် လူနေအိမ်ခြောက်လုံးသို့ ရေများဝင်လာပြီး စိုးရိမ်ရသည့် အခြေအနေရှိသည့်အတွက် လူများနှင့် နေအိမ်ရှိ အရေးကြီးပစ္စည်း များကို ထုံးဘိုမြို့ မြသိန်းတန်ဘုရားဝင်းအတွင်းရှိ ဘုရားတန်ဆောင်း များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အိမ်ထောင်စုခြောက်စုတွင် ကျားရှစ်ဦး၊ မ ၁၁ ဦး ပေါင်း ၁၉ ဦးတို့၏ နေအိမ်ရှိ ပစ္စည်းများနှင့် လူများ ပြောင်းရွှေ့ပေးခဲ့ရာ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူစိုး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ဝိုင်းဝန်းပြောင်းရွှေ့ပေးခဲ့ကြ ကြောင်း သိရသည်။ လပြည့်လင်း(ပြန်/ဆက်)စစ်ကိုင်း
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းမြို့နယ် ယာယီရေဝင် ပြောင်းရွှေ့အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီမှစ၍ ရေလွတ်ရာ ပြောင်းရွှေ့နေရာများသို့ လှည့်လည်၍ ထောက်ပံ့ပေးအပ်ရာ စစ်ကိုင်း မြို့ လေးကျွန်းမြေအုဌ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘုရားနှင့် ရွှေပုတီးဆရာတော်ဘုရားတို့ ဦးဆောင်၍ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ဇူလိုင် ၁၀ ရက်အထိ စာရင်းရှိ ယာယီရေဝင်ပြောင်းရွှေ့အိမ်ထောင်စုပေါင်း ၈၂၄စု၊ လူဦးရေပေါင်း ၃၂၈၁ ဦး တို့ကို တစ်ဦးလျှင်ဆန်ရိက္ခာထောက်ပံ့ငွေ နှစ်ပတ်စာ ငွေကျပ် ၄၂၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၃၇၈၀၂၀၀ တို့ကို သက်ဆိုင်ရာ နေရာများသို့ လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာများ ထောက်ပံ့ ပေးသလို လေးကျွန်းမြေအုဌ် ကျောင်းတိုက်ဆရာတော်ဘုရား ဦးဆောင်၍ စေတနာရှင်၊ အလှူရှင်များလှူဒါန်းမှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်များကိုလည်း စားသောက်ရေး အဆင်ပြေစေရန် လိုက်ပါထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ဇော်မြင့်နိုင်
ဆင်ပေါင်ဝဲ
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ ကျေးရွာများ အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာ များတွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိရာ (အောက်ပုံ)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့် ပြည်သူများအတွက် ယာယီနေရာစီစဉ်ပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)
မင်းဘူး
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ်အများအပြားနစ်မြုပ်၍ ကယ်ဆယ် ရေးစခန်းများသို့ ရောက်ရှိလာကြသော ရေဘေးဒုက္ခသည်များကို ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးခြင်းကို ဇူလိုင် ၁၂ ရက်က ပေတော ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ပေးအပ်ရာတွင် မန်းရေနံမြေ သံကန်တန်း (၇)၊ ပေတော ဘုန်းတော်ကြီးကျောင်း၊ ကျောက်ကုန်း၊ အောက်ကျောင်းဓမ္မာရုံ ရေဘေးစခန်းများတွင် နေထိုင်လျက်ရှိသော ထုံးမကြီးနှင့် မန်းကျိုး ကျေးရွာများမှ အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၁၆၅ ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာအတွက် တန်ဖိုးငွေကျပ် ၅၇၇၅၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။ ဇေယျာထက်(မင်းဘူး)