ဧရာဝတီမြစ်ရေကြီးမှု အခြေအနေ

နေပြည်တော်  ဇူလိုင်  ၉
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် တစ်ပေခန့် (၂၄ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် ၁၂ နာရီ အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
မြင်းမူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည်။    အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက် လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် သည်။ သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်နှင့် မြင်းမူမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု  နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                              မိုး/ဇလ