ဧရာဝတီမြစ်ရေ ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေ

နေပြည်တော်   ဇူလိုင်    ၉
ယနေ့ မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ