
မန္တလေး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မတ္တရာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမင်းသန့်နှင့်အဖွဲ့သည် ဖေဖော် ဝါရီ ၂၁ ရက်က ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်နိုင်ရေး အတွက် စိန်ပန်းကုန်းကျေးရွာသို့ သွားရောက်၍ မြစိမ်းရောင် (ငါးကဏ္ဍ)ကော်မတီဝင်များနှင့် တွေ့ဆုံပြီး လက်ရှိလုပ်ငန်းဆောင် ရွက်နေမှုများ၊ လုပ်ငန်းအခက် အခဲများနှင့်ပတ်သက်၍ ဆွေးနွေး သည်။ ထို့နောက် ဧရာဝတီမြစ် အတွင်း တရားမဝင်ငါးဖမ်းဆီးမှု များမရှိစေရေး ကွင်းဆင်းစစ်ဆေး ပြီး မြစ်တိမ်အင်းတွင် ရေလုပ်သား များအား ငါးသယံဇာတထိန်းသိမ်း ရေးဆိုင်ရာ ပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် ပညာ ပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်