
နေပြည်တော် မတ် ၂၈
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထု ဖြစ်စဉ်များမှာ အားအသင့်အတင့်မှ အား အနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေ တွင် ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာန များ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက် အရ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း အားအနည်းငယ် ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာ တွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်း မှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်း စသည့်အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။
သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေး အပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက် သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်သည်။
မိုး/ဇလ