ဧပြီ ၁ ရက်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်မည်

 

ရန်ကုန်   မတ်   ၃၀


မတ် ၃၁ ရက်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ (၇၂)ကြိမ်မြောက် ကွန်ဂရက်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် (ဒုတိယဥက္ကဋ္ဌ၊ အာရှဘောလုံးအဖွဲ့ချုပ်)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် အထွေထွေအတွင်း ရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်သွားမည်ဖြစ်သည်။

 


(၇၂) ကြိမ်မြောက်    ဖီဖာကွန်ဂရက်ကို  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အဖွဲ့ဝင်နိုင်ငံ  ၂၁၁ နိုင်ငံမှ ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ၊  အာရှဘောလုံးအဖွဲ့ချုပ်အပါအဝင် တိုက်ကြီးများအလိုက်    ဘောလုံးအဖွဲ့ချုပ်များမှ   တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့သည် ဧပြီ ၁ ရက်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကိုလည်း တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။


ကိုညီလေး