e-Government ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၃၀


e-Government အကောင်အထည် ဖော်ရေး    လုပ်ငန်းကော်မတီတွင်          ပါဝင်သည့်   ပြန်ကြားရေးနှင့်     နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးဆပ်ကော်မတီ၏      ညှိနှိုင်း အစည်းအဝေးကို   ယနေ့နံနက် ၁၀ နာရီတွင် Virtual Meeting ဖြင့် ကျင်းပသည်။ 

 


အစည်းအဝေးတွင် e-Gover-nment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏    လုပ်ငန်း ညှိနှိုင်းအစည်းအဝေး   ဆုံးဖြတ် ချက်ပါ ဆောင်ရွက်ပြီးကိစ္စရပ်များ၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်းများ နှင့်  ဆပ်ကော်မတီ၏  လုပ်ငန်း တာဝန်များမှ    သတင်းပြန်ကြား ရေးကဏ္ဍနှင့်       နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး   ကဏ္ဍ များအပေါ်    ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်ရမည့်     ကိစ္စရပ်များ အား ဆွေးနွေးကြသည်။

 


အစည်းအဝေးသို့ ပြန်ကြား ရေးနှင့်     နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး   ဆပ်ကော်မတီ ဥက္ကဋ္ဌ၊      ပြန်ကြားရေးဝန်ကြီး ဌာန၊   အမြဲတမ်းအတွင်းဝန်နှင့် ဆပ်ကော်မတီတွင် ပါဝင်သည့်  ပြည်ထောင်စုဝန်ကြီးဌာနများ ဖြစ် သော  နိုင်ငံခြားရေးဝန်ကြီးဌာန၊  စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆက်သွယ်ရေး     ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်(MCF)မှ   အဖွဲ့ဝင် ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

 


ပြန်ကြားရေးနှင့်       နိုင်ငံ တကာ  ပူးပေါင်းဆောင်ရွက်ရေးဆပ်ကော်မတီသည် e-Govern-ment အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏    ဖွဲ့စည်း ထားသည့် ဆပ်ကော်မတီ ရှစ်ခု တွင် တစ်ခုပါဝင်ပြီး ဆပ်ကော်မတီ လုပ်ငန်းတာဝန်များ ဆောင်ရွက် ရာတွင်      e-Government ဦးဆောင်ကော်မတီနှင့် e-Gover- nment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့၏ လမ်းညွှန် ချက်များပါအတိုင်း   အကောင် အထည်ဖော်   ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

သတင်းစဉ်