ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရွာသာကြီးကုန်းတွင်းဆိပ်တွင် အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှုများ စစ်ဆေး

 

ရန်ကုန်   ဒီဇင်ဘာ  ၆


ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံနှင့်အတူ   ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် (အရှေ့ပိုင်း) ရွာသာကြီးရှိ ကုန်းတွင်းဆိပ် (DRY PORT) များဖြစ်သော  KM DRY PORT  နှင့်  Resources Group DRY PORT  များ၌   လုပ်ငန်းဆောင်ရွက်နေမှုကို   သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 
ကြည့်ရှုစစ်ဆေးစဉ်  KM DRY PORT နှင့် RG DRY PORT တာဝန် ရှိသူများက     ကုန်းတွင်းဆိပ်များ တွင်     ကုန်ပစ္စည်း   တင်သွင်း/တင်ပို့ခြင်း၊        အကောက်ခွန် ကုန်လှောင်ရုံအတွင်းသို့ ကုန်ပစ္စည်း များ    ထည့်သွင်းခြင်း/  ထုတ်ပေး ခြင်း  စသည့်  လုပ်ငန်းဆောင်ရွက် နေမှု၊  တင်သွင်း/ တင်ပို့မည့်  ကုန် ပစ္စည်းများကို    ကုန်လှောင်ရုံစီမံ ခန့်ခွဲသည့်စနစ်များ     အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေမှု   အခြေ အနေများကို      ရှင်းလင်းတင်ပြ သည်။
ထို့နောက် အကောက်ခွန်ဦးစီး ဌာနမှတာဝန်ရှိသူက    ကုန်းတွင်း ဆိပ်တွင်           ကုန်သေတ္တာများ တင်သွင်း/  တင်ပို့မှု  အခြေအနေ များ၊  အကောက်ခွန်ကုန်လှောင်ရုံ (BONDED   WAREHOUSE)    ၌ တင်သွင်း      ကုန်ပစ္စည်းများနှင့် လျှပ်စစ်သုံး  မော်တော်ယာဉ်များ ထုတ်ပေးနေမှုနှင့်  တင်ပို့မည့်ကုန် သေတ္တာများ  စစ်ဆေးဆောင်ရွက် နေမှုကို           ရှင်းလင်းတင်ပြပြီး အကောက်ခွန်ဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်       ဦးသိန်းဆွေက ကုန်းတွင်းဆိပ်နှင့် အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်း  ဆောင်ရွက် နေမှုများအပေါ် ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ယင်းနောက်    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး    ဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများက    ပူးပေါင်းဆောင်ရွက် ပေးမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍  ဒုတိယဝန်ကြီး ချုပ်နှင့်  ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်     စပ်လျဉ်း၍ ၂၀၂၀   ပြည့်နှစ်က    စတင်ခဲ့သည့် ကုန်းတွင်းဆိပ်နှင့် အကောက်ခွန် ကုန်လှောင်ရုံ            လုပ်ငန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊  မြန်မာ့ မီးရထား၊ အကောက်ခွန်ဦးစီးဌာန တို့ လုပ်ငန်းဆက်စပ်ဆောင်ရွက် နေကြောင်း၊   မိမိတို့နိုင်ငံအနေဖြင့် ကုန်းတွင်းဆိပ်         လုပ်ငန်းသည် ပြည်တွင်းအတွက်သာ    ရည်ရွယ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ  နိုင်ငံ တကာနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်သည်အထိ     ဆောင်ရွက်ရန် လိုအပ်ကြောင်း၊     ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကုန်းတွင်း ဆိပ်လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် နေပြီဖြစ်သည့်အတွက်     ဆက်စပ် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည်      ပထဝီအနေ အထားအရ  အရှေ့တောင်အာရှ၏ သယ်ယူပို့ဆောင်မှုလမ်းကြောင်းတွင်      အချက်အချာကျသဖြင့် ရရှိနိုင်သည့်  အခွင့်အလမ်းများကို ရယူအသုံးချနိုင်ရန် လိုအပ်ကြောင်း။ 
ယခု      ကုန်းတွင်းဆိပ်နေရာ သည်     ကုန်ထုတ်လုပ်မှုဇုန်အနီး ဝန်းကျင်တွင်  ရှိနေသည့်အတွက် အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ တင်ပြချက်တွင်လည်း    မန္တလေး (မြစ်ငယ်)   မှ    ရန်ကုန်(သီလဝါ) ဆိပ်ကမ်းသို့ ပို့ကုန်များ  ရထားဖြင့် တိုက်ရိုက်တင်ပို့ရန် စီစဉ်ဆောင် ရွက်နေပြီဟု     သိရှိရပါကြောင်း၊ ထိုသို့တင်ပို့နိုင်ပါက  ပို့ကုန်အခွင့် အလမ်း  များစွာရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊     သယ်ယူပို့ဆောင်ရာ တွင်လည်း ကုန်သေတ္တာအသုံးပြု ၍  ဆောင်ရွက်ပါက  ပိုမိုအဆင်ပြေ မည်ဖြစ်ပါကြောင်း၊        လက်ရှိ အသုံးပြုနေသည့်  E-Lock  စနစ် ကိုလည်း  တွင်တွင်ကျယ်ကျယ် အသုံးပြုစေလိုကြောင်း၊ အနာဂတ် တွင် ကုန်းတွင်းဆိပ်၌  ကုန်ပစ္စည်း များ        စစ်ဆေးနိုင်ရန်အတွက် X-Ray   စက်များကို   အသုံးပြုရန် လိုအပ်ကြောင်း၊     ပုဂ္ဂလိကဘက် ကလည်း     အကောက်ခွန်    ကုန် လှောင်ရုံလုပ်ငန်းများနှင့် ပတ်သက် ၍ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊        စည်းမျဉ်းစည်းကမ်းနှင့်     အညီ ဆောင်ရွက်ရန်     လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့်   လုပ်ငန်းအခက် အခဲများရှိပါက  ပြန်လည်ဖြေရှင်း ပေးမည်ဖြစ်ပါကြောင်း၊  လုပ်ငန်း များ     ဆောင်ရွက်ရာတွင်လည်း    နှစ်ဦးနှစ်ဖက်      အကျိုးရှိအောင်    ဆောင်ရွက်ရန်     လိုအပ်ကြောင်း၊  အနာဂတ်ကို မှန်းဆပြီး  လုပ်ငန်း များ   စနစ်တကျ  ပြင်ဆင်ဆောင် ရွက်သွားရန်         လိုအပ်ကြောင်း မှာကြားသည်။  
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့်      ပြည်ထောင်စုဝန်ကြီးသည် ကုန်းတွင်းဆိပ်များတွင်  လုပ်ငန်း ဆောင်ရွက်နေမှုများကို   လိုက်လံ ကြည့်ရှုလေ့လာပြီး    လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်