
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျင်းပသည့်
(၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၂၈) ကြိမ်မြောက်
အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
နေပြည်တော် ဧပြီ ၅
(၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈) ကြိမ် မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘမ်မြို့ ၌ ဧပြီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပရာ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး သည် ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှဒေသအတွင်း ရာသီဥတုဖောက် ပြန်မှုနှင့်စပ်လျဉ်းသည့် ဘဏ္ဍာငွေပံ့ပိုးမှုကို တိုးချဲ့ ဆောင်ရွက်ရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ အာဆီယံအဆင့် မြင့်ဘဏ္ဍာရေးအရာရှိများ၊ အာဆီယံစီးပွားရေးအကြံ ပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံဒုတိယအတွင်း ရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက် သည်။
ဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း ရာသီဥတု ဖောက်ပြန်မှု၏ အကျိုးသက်ရောက်မှုများနှင့် ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ပေးနိုင်ရေး အတွက် လိုအပ်သည့်ဘဏ္ဍာငွေ ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် လာအိုဗဟိုဘဏ်ဥက္ကဋ္ဌက တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ တက် ရောက်ခဲ့သည်။
ဧပြီ ၄ ရက် နံနက်ပိုင်းတွင် အာဆီယံ - အီးယူ စီးပွားရေးကောင်စီ၊ အာဆီယံ - အမေရိကန်စီးပွားရေး ကောင်စီနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီ အစည်းအဝေးများကို သီးခြားစီကျင်းပရာ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် အာဆီယံဒုတိယအတွင်း ရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ဆောင်ရွက် နေသော ပေါင်းစည်းထားသည့် အာဆီယံအသိုက် အဝန်းတစ်ခုဖြစ်ပေါ်လာရေးကို ပံ့ပိုး ဆောင်ရွက် ရာတွင် အာဆီယံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပေါင်းစည်းဆောင် ရွက်မှုနှင့်အာဆီယံစီးပွားရေးအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ (ASEAN Economic Community Blueprint 2025) အကောင်အထည်ဖော်မှုတို့နှင့် စပ်လျဉ်းပြီး ရည်မှန်းထားသည့်ရလဒ်များ ရရှိရေး ဆိုင်ရာအစီအစဉ်များ၊ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ် များ၊ ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာရေးကဏ္ဍပေါင်းစည်း မှု အတွက်ဆောင်ရွက်မည့် Strategic Action Plan ဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံဒေသတစ်ခုလုံးနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေးဝန်ကြီး များ သီးသန့်ဆွေးနွေးပွဲကျင်းပရာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နိုင်ငံ၏စီးပွားရေး ထိခိုက်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အနည်းငယ်ပြန်လည် တိုးတက်ကောင်းမွန်လာ ကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးဦးတည်ချက်များ ချမှတ်၍ SME လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍတိုးတက် အောင် အဓိကထား ဆောင်ရွက်နေကြောင်းနှင့် အာဆီယံ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မြန်မာ နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေအနေ များကို ပါဝင်ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် လာအိုဘဏ္ဍာရေးဝန်ကြီးက တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ တက်ရောက်ခဲ့ကြောင်း နှင့် ယင်းနေ့ နံနက်ပိုင်းတွင် အာဆီယံအပေါင်းသုံး ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲ များ အစည်းအဝေးကိုလည်း သီးခြားကျင်းပခဲ့ ကြောင်း သိရသည်။
ဧပြီ ၅ ရက် နံနက်ပိုင်းတွင် (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး ကို ကျင်းပရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့က အာဆီယံ ဒေသတွင်း ဘဏ္ဍာရေးကဏ္ဍပေါင်းစည်းမှုအတွက် ဆောင်ရွက်မည့် Strategic Action Plan ဆိုင်ရာကိစ္စ ရပ်များ၊ အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးက သက်ဆိုင်ရာလုပ်ငန်းကော်မတီ များအလိုက် တင်ပြလာကြသောကိစ္စရပ်များကို ဘဏ္ဍာရေးဝန်ကြီးများက ညှိနှိုင်းဆွေးနွေးကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ရေးဆွဲအတည်ပြုကြသည်။
မွန်းလွဲပိုင်းတွင် (၁၁) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ငွေရေးကြေး ရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများနှင့် သက်ဆိုင်သည့် အာဆီယံစီးပွားရေးအသိုက်အဝန်းစောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အေအီးစီလမ်းပြမြေပုံ ၂၀၂၅ အကောင် အထည်ဖော်မှု၊ အာဆီယံအသိုက်အဝန်းဆိုင်ရာ မျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် အာဆီယံဘဏ္ဍာရေးနှင့် ငွေရေးကြေး ရေး ပေါင်းစည်းမှုစောင့်ကြည့်လေ့လာအစီရင်ခံစာ၊ ASEAN Treasury Forum ထူထောင်ရေးညှိနှိုင်း ဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေ၊ အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးမှ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ အလိုက် တင်ပြလာကြသောကိစ္စရပ်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကိုဆွေးနွေးကြပြီး (၁၁)ကြိမ်မြောက် အာဆီယံဘဏ္ဍာ ရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်း အဝေး ပူးတွဲကြေညာချက်ကို အပြီးသတ်ဆွေးနွေး အတည်ပြုခဲ့ကြသည်။
အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးကို နှစ်စဉ် ဧပြီလတွင်ကျင်းပ ရာ ယခုနှစ်တွင် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်တွင် မလေးရှားနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို လည်း ပါဝင်တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာ သည့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဧပြီ ၂ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဘဏ္ဍာ ရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်း အဝေးများသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်