ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်

နေပြည်တော်  ဒီဇင်ဘာ  ၇ 


မဲခေါင် - လန်ချန်း     ပူးပေါင်း ဆောင်ရွက်မှု၏      ပူးတွဲဥက္ကဋ္ဌ ဖြစ်သည့်   တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ      နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏    ဖိတ်ကြားချက် အရ          ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင်  တရုတ်နိုင်ငံ  ပေကျင်း မြို့   ကျောက်ယွိထိုင်  နိုင်ငံတော် ဧည့်ဂေဟာ၌  ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက်        မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ ပါဝင်တက်ရောက်သည်။


အစည်းအဝေး၌        တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊  နိုင်ငံခြားရေး ဝန်ကြီး     မစ္စတာ  ဝမ်ယိနှင့် မြန်မာနိုင်ငံ  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး      ဦးသန်းဆွေ တို့က       ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး        မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ          ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ            ဒုတိယ ဝန်ကြီးချုပ်၊      နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး   မစ္စတာ ဆုပ်ချန်ဒါ    ဆိုဖီအာ    (Mr. Sok Chenda Sophea)၊  လာအိုနိုင်ငံ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီဝင်နှင့်         လာအို ပြည်သူ့တော်လှန်ရေးပါတီ နိုင်ငံ တကာ     ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ   မစ္စတာ    သောန်ဆာဗန် ဖုန်ဗီဟန်    (Mr. Thongsavanh Phomvihane)၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်        နိုင်ငံခြားရေး ဝန်ကြီး  မစ္စတာ  ပန်ပရီ ဘာဟီဒါ နူကာရာ        (Mr. Parnpree Bahiddha Nukara) နှင့် ဗီယက်နမ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်း (Mr. Bui Thanh Son) တို့ တက်ရောက်ကြသည်။  
နိုင်ငံခြားရေး    ဝန်ကြီးများ သည်   အစည်းအဝေး၌    မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုနှင့်    အလား အလာများကို      ပြန်လည်သုံးသပ် ကြပြီး မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏        အနာဂတ် အစီအစဉ်များအပေါ်   အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။


(၈)ကြိမ်မြောက်     မဲခေါင်-လန်ချန်း    ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအပြီး   မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲ ဥက္ကဋ္ဌများဖြစ်ကြသည့်     မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများမှ     ပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ရပ်     ပြုလုပ်ခဲ့ပြီး အစည်းအဝေး    ရလဒ်များအပေါ်  ရှင်းလင်းပြောကြားသည်။


ထို့နောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏     ပူးတွဲ ဥက္ကဋ္ဌဖြစ်သည့်  တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ  နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့်  နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု       အဖွဲ့ဝင် နိုင်ငံများ၏  နိုင်ငံခြားရေးဝန်ကြီး များနှင့်     ကိုယ်စားလှယ်အဖွဲ့ဝင် များအား       ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ 


မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည်  ၂၀၁၆ ခုနှစ် တွင်      စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး     ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု     ပိုမို ရှင်သန်ခိုင်မာစေရေးဆောင်ရွက်သည့်           လုပ်ငန်းစဉ်ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုတွင် မဲခေါင်ဒေသခွဲနိုင်ငံများ ဖြစ်သည့်  ကမ္ဘောဒီးယား၊  တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့  ပါဝင်ပြီး   မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား အထောက်အကူ ပြုနိုင်စေရန်အတွက်      မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း ၁၀၆ ခု အတွက်        စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းကို မြန်မာနိုင်ငံသို့ ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်သည်။    

သတင်းစဉ်