ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ   ၂၅


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည်  မြန်မာ နိုင်ငံဆိုင်ရာ    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  သံအမတ်ကြီး   Mr. Chen Hai     ကို     ယနေ့နံနက် ၁၀    နာရီတွင်       နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ်   မြန်မာ - တရုတ် နှစ်နိုင်ငံအကြား  ရှိရင်းစွဲ  ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ    ပိုမိုတိုးတက် ခိုင်မာရေး၊   နှစ်နိုင်ငံ    ပူးပေါင်း ဆောင်ရွက်မှု        စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ရေး၊   နှစ်နိုင်ငံ  နယ်စပ်ဒေသများ တည်ငြိမ်   အေးချမ်းရေးအတွက် ဆက်လက်  ပူးပေါင်းဆောင်ရွက် သွားရေးနှင့်     ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ   မူဘောင်များအောက်မှ နီးကပ်စွာ   ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တို့အပေါ်        ရင်းနှီး ပွင့်လင်းစွာ      အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 


ဆက်လက်လက်ခံတွေ့ဆုံ


ထို့ပြင်  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ     နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ ဆက်လက်လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်     နှစ်နိုင်ငံ အကြား ရှိရင်းစွဲ  ချစ်ကြည်ရင်းနှီး မှုနှင့်      အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ     တိုးမြှင့်ရေး အပါအဝင် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု        ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့    နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   အဆင့်မြင့်အရာရှိ ကြီးများ၊  ထိုင်းနိုင်ငံသံအမတ်ကြီး နှင့်အတူ   ထိုင်းသံရုံးမှ  ပထမ အတွင်းဝန် Ms. PYM CHAIYASAN တို့ တက်ရောက်ခဲ့ကြသည်။ 


သတင်းစဉ်