ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   မေ   ၈
ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် မြန်မာ နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ် ကြီး  မစ္စတာ အင်မရန် ဟိုက်ဒါ အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ    နိုင်ငံခြားရေး ဝန်ကြီးဌာန၌    လက်ခံတွေ့ဆုံ သည်။ 
တွေ့ဆုံစဉ်    ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားပြီး မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံအကြား ရှိရင်း စွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံ ရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်   စက်မှုလုပ်ငန်း အပါအဝင် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့်     ကဏ္ဍများ တွင်   ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့်   စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ    အမြင်ချင်း ဖလှယ်    ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                  

သတင်းစဉ်