ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    စက်တင်ဘာ   ၇


ဒုတိယဝန်ကြီးချုပ်နှင့်     နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ   အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော   ကူဝိတ်နိုင်ငံ   သံအမတ်ကြီး မစ္စတာ      မူဘာရက်(ခ်)  အမ် အေ အလက်ဝါနီ  ကို  ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်    မြန်မာ-ကူဝိတ်    နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ် ရေးနှင့်  ရင်းနှီးမြှုပ်နှံမှု၊  စွမ်းအင်နှင့်  အလုပ်သမား    အစရှိသောကဏ္ဍများအပါအဝင်  နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်သွားရေးနှင့်    လက်မှတ်ရေးထိုးရန်ရှိသည့်    သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေး ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင်  အထူးသဖြင့် အာဆီယံ- အာရပ် ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂ  မူဘောင် အောက်မှ  ပိုမိုနီးကပ်စွာ  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်    စပ်လျဉ်း၍      ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


  သတင်းစဉ်