ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ် ကို လက်ခံတွေ့ဆုံ

နေပြည်တော်    ဇူလိုင်   ၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် ရန် သဘောတူညီပြီးဖြစ်သည့်  မစ္စတာ  ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ် ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်       ဒုတိယ ဝန်ကြီးချုပ်နှင့်       ပြည်ထောင်စု ဝန်ကြီးက       သံအမတ်ကြီးအား တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော      အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ နိုင်ငံ   သံအမတ်ကြီးအဖြစ်  ပူးတွဲ ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားခဲ့ပြီး မစ္စတာ  ဒါဘာ  ဒက်ဘ်အီးလ်  ဟွန်းဒ်က ၎င်း၏    သံအမတ်   ခန့်အပ်လွှာ မိတ္တူကို    ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး        ထံသို့ ပေးအပ်သည်။ 
အမြင်ချင်းဖလှယ်ဆွေးနွေး
ဆက်လက်၍   မြန်မာ - အီသီ ယိုပီးယား        နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု    ပိုမိုခိုင်မာစေ ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များ  မြှင့်တင်ရေးနှင့်  ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင်  ပိုမိုနီးကပ်စွာ ပူး‌ပေါင်းဆောင်ရွက် ရေးကိစ္စရပ်များနှင့်   စပ်လျဉ်း၍  ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးကြသည်။
သီးခြားစီလက်ခံတွေ့ဆုံ
ထို့ပြင်   နိုင်ငံခြားရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး   ဦးလွင်ဦး သည်လည်း     မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံ   သံအမတ် ကြီးအဖြစ်      ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ    ဒါဘာ  ဒက်ဘ်အီးလ် ဟွန်းဒ် အား နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ   လက်ခံတွေ့ဆုံခဲ့သည်။          
သတင်းစဉ်