ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    နိုဝင်ဘာ    ၉


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး      ဦးသန်းဆွေသည် ကုလသမဂ္ဂ  လူသားချင်း  စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး (UNOCHA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ  အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရ  နှင့် ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့်    လိုအပ်နေ သည့် ပြည်သူများထံသို့ လူသား ချင်းစာနာထောက်ထားမှု  အကူ အညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


အစည်းအဝေးသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန     အဆင့်မြင့် အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ UNOCHA   ရုံး၏  ဒုတိယအကြီး အကဲဖြစ်သူ Ms. Danielle Parry တို့ တက်ရောက်ခဲ့ကြသည်။


သတင်းစဉ်