ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဧပြီ    ၄


ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြား ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ကုလ သမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုံခြုံရေးဌာန (UN Depart-ment of Safety and Security- UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို  ယနေ့နံနက်   ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌   လက်ခံ တွေ့ဆုံသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ် Under-Secreta-ry-General Mr. Gilles Michaud က    ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့်   မြန်မာ နိုင်ငံ၌  ကုလသမဂ္ဂအဖွဲ့အစည်း များ၏ လုပ်ငန်းများ ဆောင်ရွက် ခွင့်တို့နှင့်    ပတ်သက်၍   အဓိက ဆွေးနွေးသည်။   ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံ မှုနှင့်   ပတ်သက်၍   အလေးပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့်   လုပ်ငန်းများဆောင်ရွက်ရန် အတွက် သွားလာခွင့်နှင့်စပ်လျဉ်း ၍     အတတ်နိုင်ဆုံး       ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  ပြန်လည်ဆွေးနွေးသည်။     ထို့ အပြင် နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စ ရပ်များနှင့်   ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။


တက်ရောက်


အစည်းအဝေးသို့   နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာ ရှိကြီးများ၊  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်း ရေးမှူးနှင့်    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ     ယာယီ ညှိနှိုင်းရေးမှူး  Mr. Marcoluigi Corsi နှင့် မြန်မာနိုင်ငံရှိ  ကုလ သမဂ္ဂလုံခြုံရေးအကြံပေး     Mr. Marco Smoliner တို့ တက်ရောက် ခဲ့ကြသည်။              

သတင်းစဉ်