ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာတာသံရုံးယာယီတာဝန်ခံကို လက်ခံတွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၂၀ 


ဒုတိယဝန်ကြီးချုပ်နှင့်    နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဦးသန်းဆွေ    သည် ကာတာသံရုံး   ယာယီတာဝန်ခံ ဒေါက်တာ  ရာရှစ်  အက်ဘ်ဒူလာ အမ်အေအယ်လ် - ကူဝါရီ  ကို ယနေ့  နံနက်  ၁၀  နာရီခွဲတွင် နေပြည်တော်ရှိ      နိုင်ငံခြားရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီးချုပ် ၏ ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံ သည်။


တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့်  ပူးပေါင်းဆောင်ရွက်မှု    ပိုမို တိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့်ယဉ်ကျေးမှုဖလှယ်ရေး အစရှိသောကဏ္ဍများတွင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်    ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေး ညှိနှိုင်းမှုများ         ဆက်လက် ဖော်ဆောင်ရေး၊ ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးဆိုင်ရာ   လုပ်ငန်းစဉ် အကောင်အထည်   ဖော်ရေးနှင့် ဒေသတွင်းနှင့်       နိုင်ငံတကာ မျက်နှာစာတွင်    အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ နှင့် ကုလသမဂ္ဂမူဘောင်အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များနှင့်   စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်