
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊
မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့်
စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာနနှင့် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းနှင့် ယနေ့မွန်လွဲပိုင်းတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြား သည်။
ပျော်ရွှင်အောင်မြင်သည့်လုပ်ငန်းခွင်ကို ဖန်တီး
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ယနေ့ ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ကြုံတွေ့ကြရသည့် အခက်အခဲနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် တာဝန် ကျေပွန်မှု၊ စွမ်းဆောင်ရည်ထက်မြက်မှု၊ လေ့လာသင်ယူမှု၊ ကြိုးစား အားထုတ်မှုနှင့် ဆက်ဆံရေးကောင်းမွန်မှုရှိရန် လိုအပ်ကြောင်း၊ မှန်ကန် မျှတသည့် အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ စည်းလုံးညီညွတ်မှု ရှိခြင်းတို့ဖြင့် ပျော်ရွှင်အောင်မြင်သည့် လုပ်ငန်းခွင်ကို ဖန်တီး တည်ဆောက်နိုင်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများက လိုအပ်ချက်များ နှင့် အကြံပြုချက်များကိုတင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်