
နေပြည်တော် မတ် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် တရုတ် - မြန်မာ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စ၊ နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ ရဲတပ်ဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စနှင့် နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီနှင့် အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်