
နေပြည်တော် မေ ၆
နိုင်ငံတော်ကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ ဆိပ်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာသစ်နှင့် သီရိ အဏ္ဏဝါခန်းမဆောင်သစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ် သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ ဆိပ်ရပ်ကွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဌာနမြေတွင် အသစ် ဆောက်လုပ် ပြီးစီးနေသည့် စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာ သစ်သို့ ရောက်ရှိပြီး အိမ်ရာဖွင့်ပွဲ အခမ်းအနား မုခ်ဦးနေရာ၌ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧည့်သည်တော်များနှင့် အတူ ရှစ်ခန်းတွဲ၊ (၆)ထပ် အဆောက်အအုံသစ် နှစ်လုံး၊ အရာထမ်း/အမှုထမ်း လူပျိုဆောင် အဆောက်အအုံသစ် နှစ်လုံး၊ ဘက်စုံသုံး ခန်းမဆောင်သစ် (Multi-Function Assembly Hall) အဆောက်အအုံတစ်လုံးနှင့် ဝန်ထမ်းမိသားစု ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ သီရိအဏ္ဏဝါ ခန်းမဆောင်သစ်နှင့် အိမ်ရာသစ် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပ ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သီရိ အဏ္ဏဝါခန်းမသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ရန်ကုန် မြို့တော်ဝန်၊ ဦးဆောင်ညွှန်ကြား ရေးမှူးတို့နှင့် အတူ ခန်းမသစ်ရှိ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်း မော်ကွန်းအား အမွေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့် မိခင်ဌာနအနေဖြင့် ဝန်ထမ်းများ၏ နေထိုင်မှု အဆင် ပြေစေရေး၊ သက်သာချောင်ချိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ ဝန်ထမ်းမိသားစုများ အားလုံး တစ်စုတစ်စည်းတည်း စုပေါင်း နေထိုင်နိုင်စေရေးတို့ အတွက် ရည်ရွယ်ချက်ကောင်း၊ စေတနာ ကောင်းများဖြင့် ဤသို့သော အဆင့်မြင့်အိမ်ရာများ စီစဉ်ဆောင် ရွက်ထားမှုအတွက် ဝန်ထမ်းများ ကလည်း မိခင်ဌာနအပေါ်တွင် ဂုဏ်ယူ၊ သစ္စာရှိ၊ သံယောဇဉ်ထား ကြပြီး ပေးအပ်သည့် တာဝန် ဝတ္တရားများကို အားသွန်ခွန်စိုက် စေတနာပြည့်ဝစွာဖြင့် ထမ်း ဆောင်သွားကြရန် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ် အပါး (၃၀) စသည့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန် ဖြစ် ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ မြောက်မြားစွာ ကုန်ကျခံ တည်ဆောက် စီစဉ်ပေးထားခြင်း ဖြစ်သောကြောင့် ဤဝန်ထမ်း အိမ်ရာတစ်ခုလုံးနှင့် ပတ်ဝန်းကျင် ကို ရေရှည်တည်တံ့အောင်၊ အစဉ် အမြဲ သန့်ရှင်းသာယာလှပနေ အောင် အားလုံးက တက်ညီ လက်ညီဖြင့် ထိန်းသိမ်းစောင့်ရှောက် သွားကြရန်ဖြစ်ကြောင်း တိုက် တွန်းမှာကြားသည်။ (အပေါ်ပုံ) ထို့နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာ၊ ဘက်စုံသုံးသီရိ အဏ္ဏဝါခန်းမတို့နှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်း တင်ပြပြီး တည်ဆောက်ရေး မှတ်တမ်းတင် Video Clip ပြသသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ၏ စက်ဆန်းမိသားစုဝန်ထမ်း အိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း ကို (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်မှ စတင် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ ယနေ့ဖွင့်လှစ်သည့် အဆောက်အအုံများ အပါအဝင် လူနေအဆောက်အအုံ ၁၂ လုံး၊ အိမ်ခန်း ၄၅၆ ခန်း၊ ဘက်စုံသုံး ခန်းမ တစ်ခုနှင့် မိသားစုဆေးခန်း တစ်ခန်းတို့ပါရှိကြောင်း သိရှိရ သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ဘူတာကြီးဝင်း အတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံသို့ ရောက်ရှိပြီး စက်ခေါင်းရုံအတွင်း၌ West Corporation က ပြုပြင်လွှဲပြောင်း ပေးအပ်ထားပြီးဖြစ်သည့် RBE (၈)တွဲအား အသုံးပြုနေမှုနှင့် လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေ သည့် RBE (၇)တွဲတို့အား မွမ်းမံ ပြင်ဆင်မှုနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီးနောက် သတ်မှတ် အချိန်ဇယားနှင့်အညီ ပြီးစီးရေး၊ တွဲများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ခုတ်မောင်းပြေးဆွဲရာတွင် ဘေး အန္တရာယ် ကင်းရှင်းစေရေးနှင့် ရေရှည် အသုံးပြုနိုင်ရေးလိုအပ် သည့် ရထားခရီးစဉ်များတွင် အင်အားဖြည့်တင်း သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်ကိစ္စများကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး ဧည့်ခန်းမ ဆောင်၌ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအကြီးအမှူး များကို တွေ့ဆုံ၍ ဘင်္ဂလား ပင်လယ်အော်၌ မကြာမီ ဖြစ်ပေါ် လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း ၏ အခြေအနေသတင်းများကို မျက်ခြည်မပြတ် စောင့်ကြည့် လျက် ဝန်ထမ်းများထံသို့ သတင်း မှန်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရေး၊ မိမိဌာန၏ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး ဆိုင်ရာလုပ်ငန်းများအပေါ် ထိခိုက် လာနိုင်ခြေများကို ကြိုတင် သုံးသပ်လျက်အချိန်နှင့် တစ်ပြေး ညီ ဆောင်ရွက်သွားနိုင်ရေး၊ လေယာဉ်၊ ရေယာဉ်၊ ရထားခရီး စဉ်များ ပြေးဆွဲမှုကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲ စီမံနိုင်ရေး၊ လေယာဉ်များကို မုန်တိုင်း လွတ်ကင်းရာ လေယာဉ်ကွင်း နေရာများသို့ ယာယီရွှေ့ပြောင်းရပ် နားနိုင်ရေး၊ ဌာနပိုင် ရေယာဉ်များ အား အနီးစပ်ဆုံးဆိပ်ကမ်းနှင့် သင်္ဘောကျင်းများတွင် အချိန်မီ စနစ်တကျ လွန်းတင်ကမ်းထိုး ရပ်နား ထိန်းသိမ်းနိုင်ရေး၊ ရထား စက်ခေါင်း၊ လူစီးတွဲ၊ ကုန်တွဲများ လေပြင်းဒဏ်ကြောင့် လိမ့်ထွက် ကာ ရထားမတော်တဆမှုများ မဖြစ်ပေါ်အောင် သတ်မှတ်ထား သည့် ထိန်းသိမ်းမှုနည်းစနစ် အတိုင်း လိုက်နာဆောင်ရွက် ရေး၊ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှု ဖြစ်ပေါ်ပါက အမြန်ဆုံးပြန် လည်ချိတ်ဆက်နိုင် ရန်အတွက် အရန်ဆက်သွယ်ရေး စနစ်များ စီစဉ်ထားရှိရေး၊ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့လာရပါ က ဌာနအချင်းချင်း ထိရောက် သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက် နိုင်စေရေးအတွက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားကြရေး တို့ကို မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်