ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  စက်တင်ဘာ   ၅ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊       ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး  H.E. Mr. Vinay Kumar  အား  ယနေ့နံနက်ပိုင်းက  နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးရုံး      ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်  အိန္ဒိယနိုင်ငံတို့အကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊  နှစ်နိုင်ငံနယ်စပ်ဒေသရှိ လုံခြုံရေးဆိုင်ရာ   ကိစ္စရပ်များ၊  တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ   သံအမတ်ကြီးနှင့်အတူ   တာဝန်ရှိသူများ တက်ရောက် ကြသည်။                                                                      

သတင်းစဉ်