ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ


နေပြည်တော်  ဒီဇင်ဘာ  ၅

ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ   ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည်  (၈) ကြိမ်မြောက်   မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ  အစည်း အဝေးသို့ တက်ရောက်ရန် ယနေ့ မွန်းလွဲပိုင်းတွင်    တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။

အဆိုပါ   ကိုယ်စားလှယ်အဖွဲ့ အား  မြန်မာနိုင်ငံဆိုင်ရာ  တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်  နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   တာဝန်ရှိသူများ က    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြ သည်။          
သတင်းစဉ်