
နေပြည်တော် နိုဝင်ဘာ ၃
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Nong Rong အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိ ပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေး၊ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်