ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား လက်ခံတွေ့ဆုံ

နေပြည်တော်     ဇွန်    ၁၈


ဒုတိယဝန်ကြီးချုပ်နှင့်        နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးသန်းဆွေသည်    တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း အား    ယနေ့နံနက်  ၉  နာရီတွင်   နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်   မြန်မာ-တရုတ်   နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့်   ရှိရင်းစွဲ   ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု       ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးပိုမိုမြှင့်တင်နိုင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေး နှင့်   နှစ်ဖက်အပြန်အလှန်  အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ    အရှိန်အဟုန်     မြှင့်တင် ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့်   အာဆီယံနှင့်   ကုလသမဂ္ဂတွင်    ပိုမို နီးကပ်စွာ   ပူးပေါင်းဆောင်ရွက်သွားရေး   ကိစ္စတို့ အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။                     

သတင်းစဉ်