ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထိုင်းရိုးရာသင်္ကြန်ပွဲတော် ၂၀၂၄ (Songkran Festival 2024) အခမ်းအနား တက်ရောက်အားပေး

 

ရန်ကုန်  ဧပြီ   ၆


ထိုင်းရိုးရာသင်္ကြန်ပွဲတော် ၂၀၂၄  (Song-kran Festival 2024)ကို ယနေ့ညနေ ၄ နာရီတွင်    ရန်ကုန်မြို့    ပြည်လမ်း    ဒဂုံ မြို့နယ်ရှိ     ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။


ဖိတ်ကြားထားသူများ တက်ရောက်


ထိုင်းရိုးရာသင်္ကြန်ပွဲတော်သို့ ရန်ကုန် တိုင်းဒေသကြီး     မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ   ခေမာရာမ ဘုန်းတော်ကြီးကျောင်း    ပဓာနနာယက ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ဒုတိယဝန်ကြီးချုပ်နှင့်     နိုင်ငံခြားရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊      ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်        ဦးစိုးသိန်းနှင့်        ဇနီး၊  ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်  ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ      အဆင့်မြင့် အရာရှိကြီးများ၊     မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး  H.E. Mr. Mong-kol Visitstump နှင့်  ဇနီး၊  ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ   သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊      မြန်မာနိုင်ငံ ဆိုင်ရာ     အာဆီယံနိုင်ငံ     သံရုံးများမှ သံတမန်များ၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ        ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ      အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများနှင့် ဖိတ်ကြားထားသူများ     တက်ရောက်ကြ သည်။


ဦးစွာ      ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ် ကြီး H.E. Mr. Mongkol Visitstump က ပန်းနှင့် ဆီမီး ဆက်ကပ်ပူဇော်သည်။


ထို့နောက် ခေမာရာမဘုန်းတော်ကြီး ကျောင်း ပဓာနနာယက ဆရာတော်ထံမှ ဒုတိယဝန်ကြီးချုပ်နှင့်       ပြည်ထောင်စု ဝန်ကြီး၊       တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ           ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်    ဧည့်ပရိသတ်များက ငါးပါးသီလ     ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။


ယင်းနောက်   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊      ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူ များက ဆရာတော်ကြီးနှင့် သံဃာတော် များအား        လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ မေတ္တာရေပက်ဖျန်းခြင်းနှင့်     ဆုတောင်း မေတ္တာခံယူကြကာ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။။


ဒင်္ဂါးများ ကပ်လှူပူဇော်


ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊      ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည်          ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေသပ္ပာယ်ကာ ဒင်္ဂါးများ ကပ်လှူပူဇော် ကြပြီး    ထိုင်းရိုးရာအစားအစာ   ဆိုင်ခန်း များ၊   ပျော်ပွဲရွှင်ပွဲများကို    လှည့်လည် ကြည့်ရှုအားပေးကြသည်။


ထို့နောက် ထိုင်းရိုးရာ သင်္ကြန်ပွဲတော် (Songkran)  အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ် ကြီးက        ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။


ယင်းနောက်   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊    ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊  ရန်ကုန်မြို့တော် ဝန်၊   မြန်မာနိုင်ငံဆိုင်ရာ    ထိုင်းနိုင်ငံ သံအမတ်ကြီး၊       ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး၊ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံ၌   ရောက်ရှိနေကြသည့်    ထိုင်းနိုင်ငံ သားများသည် ထိုင်းရိုးရာ သင်္ကြန်ရေအေး ဖြင့် အပြန်အလှန်ပက်ဖျန်းကြသည်။
ဆက်လက်၍     မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ   သံအမတ်ကြီး၏    သင်္ကြန်မိုး သီချင်းသီဆိုမှုနှင့်အတူ      ထိုင်းရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ တွဲဖက်ကပြ ဖျော်ဖြေ တင်ဆက်မှုကိုလည်းကောင်း၊        အစား အသောက်များ သုံးဆောင်နိုင်ရန် ဖွင့်လှစ် ပေးခြင်းကိုလည်းကောင်း၊       သင်္ကြန် ဖက်ရှင် ဝတ်စားဆင်ယင်မှု ယှဉ်ပြိုင်ခြင်း ကိုလည်းကောင်း၊      မြန်မာအဆိုတော် မဆုထက်လှိုင်က ထိုင်းသီချင်းဖြင့် သီဆို ဖျော်ဖြေခြင်းနှင့်      သင်္ကြန်အကဖြင့် ဖျော်ဖြေတင်ဆက်မှုကို     လည်းကောင်း ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီးနှင့်အတူ       အခမ်းအနားသို့ တက်ရောက်လာကြသူများက      ကြည့်ရှု အားပေးကြပြီး ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက      ကပြဖျော်ဖြေခဲ့သူများကို ဂုဏ်ပြုပန်းစည်း လက်ဆောင် ပေးအပ်ချီးမြှင့်သည်။


ဂုဏ်ပြုညစာဖြင့် တည်ခင်း


ထို့နောက်      ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က    ဂုဏ်ပြုညစာဖြင့်     တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
 

သတင်းစဉ်