ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဆုပ်ဂျန်ဒါ ဆိုဖီအာ နှင့် တွေ့ဆုံဆွေးနွေး 

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ 
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဆုပ်ဂျန်ဒါ ဆိုဖီအာ၊ 
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာ တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး 

 

နေပြည်တော်  ဒီဇင်ဘာ  ၇


တရုတ်ပြည်သူ့          သမ္မတနိုင်ငံ ပေကျင်းမြို့၌      ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   နိုင်ငံခြား ရေးဝန်ကြီးများ     အစည်းအဝေး ကာလအတွင်း  သီးခြားဆွေးနွေးပွဲ အဖြစ်       ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး   ဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ      ဒုတိယ ဝန်ကြီးချုပ်၊     နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ  ဆုပ်ဂျန်ဒါ  ဆိုဖီအာတို့ သည်  ယနေ့နံနက်  ၉  နာရီတွင် ကျောက်ယွိထိုင်      နိုင်ငံတော် ဧည့်ဂေဟာ၌   တွေ့ဆုံဆွေးနွေး ကြသည်။ 


ထိုသို့တွေ့ဆုံရာတွင်  မြန်မာ နိုင်ငံနှင့်    ကမ္ဘောဒီးယားနိုင်ငံ တို့အကြား       ကာလရှည်ကြာ တည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေ ရေး၊ ခရီးသွားလုပ်ငန်း၊  သာသနာ ရေး၊      ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း     ထိတွေ့ ဆက်ဆံမှုမြှင့်တင်ရေး     ကိစ္စရပ် များအပါအဝင်  နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ  တိုးချဲ့ ဆောင်ရွက်သွားရေးနှင့် ဒေသတွင်း နှင့်  နိုင်ငံတကာ  မျက်နှာစာများ တွင်     နှစ်နိုင်ငံ       အပြန်အလှန် ထောက်ခံရပ်တည်ရေး   ကိစ္စရပ် များနှင့်ပတ်သက်၍   ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။


အလားတူ ဒုတိယဝန်ကြီးချုပ် နှင့်       နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်းနိုင်ငံ  ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာတို့သည် ယနေ့နံနက်   ၁၀    နာရီခွဲတွင် ပေကျင်းမြို့ရှိ     China World ဟိုတယ်၌    တွေ့ဆုံဆွေးနွေးကြ သည်။ 


ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက် ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြား ရေးဝန်ကြီးတို့သည်  မြန်မာ-ထိုင်း နိုင်ငံအကြား   ရှိရင်းစွဲ   ချစ်ကြည် ရင်းနှီးသော       ဆက်ဆံရေးနှင့် နှစ်နိုင်ငံ    ပူးပေါင်းဆောင်ရွက်မှု များ  ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးအပေါ်        ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။


ထို့ပြင် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊    ပြည်သူ အချင်းချင်း        ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊        နယ်စပ်ဒေသရှိ ပြည်သူများအတွက်  လူသားချင်း စာနာထောက်ထားမှု   အကူအညီ ပေးအပ်နိုင်မှု  အလားအလာများ၊ မြန်မာနိုင်ငံ  အရှေ့မြောက်နယ်စပ် ဒေသများတွင်      ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို      နေရပ် ပြန်လည်ပို့ဆောင်ရေး၊   ထိုင်းနိုင်ငံ ရောက်  မြန်မာရွှေ့ပြောင်း အလုပ် သမားများအနေဖြင့်  တရားဥပဒေ အရ     ၎င်းတို့   ရပိုင်ခံစားခွင့်များ ရရှိစေရေးနှင့်   အကာအကွယ်ပေး သွားရေးနှင့်       နှစ်နိုင်ငံအကြား အာဆီယံအပါအဝင်    ဒေသတွင်း နှင့် နိုင်ငံတကာ  မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ  ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ        ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။     
  သတင်းစဉ်