ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာ နှင့် နယူးဒေလီမြို့၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံ

နယူးဒေလီ   ဇွန်   ၂၇
အာရှပူးပေါင်း    ဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏  (၁၉)  ကြိမ်မြောက် နိုင်ငံခြား ရေးဝန်ကြီးများ  အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ဒုတိယ ဝန်ကြီးချုပ်နှင့်     နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်   ခရီးစဉ်ဒုတိယ ပိုင်းအဖြစ်    ဇွန်   ၂၅   ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှ အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့သို့ ဆက်လက်  ထွက်ခွာလာခဲ့ရာ  ဇွန် ၂၆ ရက်     နံနက်ပိုင်းတွင်      နယူးဒေလီမြို့သို့      ရောက်ရှိသည်။   နယူးဒေလီမြို့သို့    ရောက်ရှိစဉ်အတွင်း     မြန်မာသံရုံး၊    နယူးဒေလီမြို့၏     ရုံးလုပ်ငန်း  ဆောင်ရွက်မှုများကို       ကြည့်ရှု စစ်ဆေးသည်။
နှစ်နိုင်ငံသီးခြားတွေ့ဆုံဆွေးနွေး
ဒုတိယ         ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး     ဦးသန်းဆွေ သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင် နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် များ  လိုက်ပါလျက်   ဇွန်  ၂၆ ရက်  ဒေသစံတော်ချိန် မွန်းလွဲ ၃  နာရီခွဲ တွင်   အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ   အက်စ်  ဂျိုင်ရှန်ကာ နှင့်      နယူးဒေလီမြို့ရှိ        အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံ           ဆွေးနွေး သည်။  
အိန္ဒိယပြည်ပရေးရာဝန်ကြီး နှင့်တွေ့ဆုံစဉ်   မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား  ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှု       ပိုမိုတိုးတက်ခိုင်မာ စေရေး၊    တရားမဝင်     မူးယစ် ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊  လူကုန်ကူးမှု များ တိုက်ဖျက်ရေး  စသည့်ကဏ္ဍ များတွင်   နှစ်နိုင်ငံ    အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေး၊  အေစီဒီနှင့်   ဘင်းမ်စတက် မျက်နှာစာတွင်    ပိုမိုနီးကပ်စွာ ပူးပေါင်း     ဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီး စွာ အမြင်ချင်းဖလှယ်   ဆွေးနွေး ကြသည်။    အိန္ဒိယပြည်ပရေးရာ ဝန်ကြီးနှင့်တွေ့ဆုံစဉ်        ပြည်ပ ရေးရာဝန်ကြီးအဖြစ်   ဆက်လက် ခန့်အပ်ခြင်း        ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကို လည်း     ထည့်သွင်းပြောကြားခဲ့ သည်။ 
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ    ဦးဆောင် သော      ကိုယ်စားလှယ်အဖွဲ့ သည်    ဇွန် ၂၇  ရက် (ကြာသပတေး နေ့)  ညနေပိုင်းတွင်  လေကြောင်း ခရီးဖြင့်            ရန်ကုန်မြို့သို့      ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရ သည်။  
သတင်းစဉ်