ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ   ၁၀


ဒုတိယဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေသည်  အာဆီယံ ဥက္ကဋ္ဌ၏  မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Alounkeo Kittikhoun     ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်   ၁၁ နာရီခွဲ တွင်  နေပြည်တော်ရှိ   PARK ROYAL   ဟိုတယ် နီလာခန်းမ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် (၅)   ရပ်နှင့်အညီ   အာဆီယံတူညီဆန္ဒ  (၅)  ချက် အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုများ ရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တို့နှင့်      ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊  လူသားချင်း စာနာထောက်ထားမှု     အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍     အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။      ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည်  မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက် မှုနှင့် လက်ရှိ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။


သတင်းစဉ်