ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်မြောက်ပိုင်းခရိုင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   အောက်တိုဘာ  ၂၅


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့  နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မက်(စ်)မြန်မာဟိုင်းဝေးကုမ္ပဏီမှ  B.O.T စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသော အမှတ် (၃) လမ်းမကြီးမှတစ်ဆင့် အမှတ် (၇) လမ်းမကြီးအတိုင်း လမ်းတစ်လျှောက်ကို လည်း ကောင်း၊  အမှတ် (၂) လမ်းမကြီး  မိုင်တိုင် (၁၆ / ၄)  အနီးတွင်  မက်(စ်)မြန်မာဟိုင်းဝေးကုမ္ပဏီမှ ၄၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 


မွန်းလွဲပိုင်းတွင်        ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်   ပဲခူးတိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး (မြို့ပြ) ရုံးခန်းမဆောင်၌ တိုင်းဒေသကြီး    လမ်းပန်းဆက် သွယ်ရေးဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ အင်ဂျင်နီယာချုပ်၊ ညွှန်ကြား ရေးမှူးများ နှင့် ဦးစီးဌာနအလိုက် ဝန်ထမ်းများနှင့်အတူ ပိုမိုရင်းနှီး မှုရှိစေရန်      နေ့လယ်စာအတူ စားသုံးကြသည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးအနောက်မြို့ရှောင် လမ်း  မိုင် (၅/၇)၊ မိုင် (၃၂/၆) မှ  (၃၂/၇) ရှိ လသာကုန်း underpass သို့  ဆက်သွယ်သည့် လမ်းဖောက် လုပ်မည့်       လမ်းအူကြောင်း တစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး  ဒုတိယဝန်ကြီးက လမ်းအူကြောင်း သတ်မှတ်ရာတွင်     တောင်ကုန်း အတက်၊    အဆင်းနှင့်    အကွေ့ အဝိုက်နေရာများကို      ပြန်လည် စိစစ်တိုင်းတာ      သတ်မှတ်ရန်၊ မြေယာလျော်ကြေး ပေးလျော်မှု နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ       ဆောင်ရွက်ရန်လို ကြောင်း မှာကြားသည်။

 


ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်  မိုင်တိုင် (၃၉)  မှ တစ်ဆင့်      ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- ရန်ကုန်)    လမ်းပိုင်းကို    လမ်း တစ်လျှောက်ကြည့်ရှုပြီး      မိုင် (၂၀၄/ ၀) မှတစ်ဆင့် နေပြည်တော် ကောင်စီနယ်မြေ       လမ်းဦးစီး ဌာန  ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်နွယ်နီထွန်းက လုပ်ငန်းဆောင် ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက   လိုအပ်သည် များ    မှာကြားခဲ့ကြောင်း   သိရ သည်။                      

သတင်းစဉ်