ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရှိ Charging Station များ ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်    ၁၈ 


လျှပ်စစ်သုံးယာဉ်များ     ပြေးဆွဲ၊    အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ   အကောင်အထည်ဖော် ရေး   လုပ်ငန်းကော်မတီဥက္ကဋ္ဌ    ဆောက်လုပ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းဖေသည်  တာဝန် ရှိသူများနှင့်အတူ   ယနေ့နံနက်ပိုင်းတွင်    ရန်ကုန်-မန္တလေး   အမြန်လမ်းမကြီးတစ်လျှောက်ရှိ    လမ်း၊ တံတားများ        ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး  အမြန်လမ်း   (၂၀၁)မိုင်ရှိ   နေပြည်တော်  စီလမ်းဆုံ ယာဉ်ရပ်နားစခန်းတွင်     Charging    Station ဆောက်လုပ်နေမှု၊ (၁၁၅) မိုင်ရှိ  (ဖြူး)ယာဉ်ရပ်နား စခန်းတွင် Charging Station  ဆောက်လုပ်နေမှု၊ မိုင်တိုင်(၀/၀)ရှိ   အမှတ်(၃) တိုးလ်ဂိတ်တွင်  Earth Renewable Energy Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုနှင့်     အောင်မင်္ဂလာအဝေးပြေး ဝင်းအတွင်း၌  Myanmar Brilliance Auto Co.,Ltd မှ Charging Station      ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ နှင့်အတူ လှိုင်မြို့နယ် သီရိမင်္ဂလာဈေး၌ Asia Pacific  Automaker   Corporation Co.,Ltd မှ  တာဝန်ယူ ဆောင်ရွက်သည့် Charging Station တည်ဆောက် ပြီးစီးမှု၊  အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌   Chin   Dwin Shan Co.,Ltd မှ  တာဝန်ယူဆောင်ရွက်သည့်   Charging   Station  တည်ဆောက်ပြီးစီးမှုနှင့် ရန်ကုန်ဘူတာကြီးအနီး၌  Essential Motors Co.,Ltd မှ  Charging Station  တည်ဆောက်နေမှုကို   ကြည့်ရှုစစ်ဆေးပြီး ဒုတိယ ဝန်ကြီးက   သတ်မှတ်ဒီဇိုင်း၊   စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန် လိုအပ်သည့် ပစ္စည်းများရောက်ရှိမှု၊ လျှပ်စစ်မီးသွယ်တန်းမှုနှင့်   ကား   ဝင်၊   ထွက်လမ်း သတ်မှတ်နေရာများအား    စနစ်တကျဆောင်ရွက် ရန်မှာကြားသည်။

 


မြန်မာနိုင်ငံအတွင်း    လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှု ဖြင့်      အမျိုးသားအဆင့်    လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်  ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊      မန္တလေးမြို့နှင့်    ရန်ကုန် - မန္တလေး  အမြန်လမ်းမကြီးတစ်လျှောက်တွင်     လျှပ်စစ်သုံး ယာဉ်များ    လွယ်ကူလျင်မြန်စွာ  အားသွင်းနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station)များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက် ရှိရာ နေပြည်တော်အတွင်း NPK Motor Co.,Ltd က ပထမဦးစွာ တည်ဆောက်ဖွင့်လှစ်  အသုံးပြုနိုင်ခဲ့ပြီး  တည်ဆောက်ပြီး   Charging   Station  နှင့်အတူ  လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်  ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့်   ကျန်တည်ဆောက် ဆဲလျှပ်စစ်ဓာတ်အား    ဖြည့်သွင်းရုံ    (Charging Station) များကိုလည်း      မကြာမီ   အမြန်ဆုံးဖွင့်လှစ် အသုံးပြုနိုင်ရေး          ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။               
           

သတင်းစဉ်