ဒုတိယဝန်ကြီး ဦးဝင်းဖေ စုပေါင်းရုံးအဆောက်အဦ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦနှင့် EV Charging Station တို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၁၈


ဆောက်လုပ်ရေး   ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းဖေသည် ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် အတူ   ယနေ့  နံနက်ပိုင်းတွင် အဆောက်အဦဦးစီးဌာန   တည် ဆောက်ရေးအဖွဲ့(၂) အဆောက် အဦအထူးအဖွဲ့(၆)က  တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ ခရိုင်  (ခ)  အဆင့်    စုပေါင်းရုံး  သုံးထပ် အဆောက်အဦ    တည် ဆောက်ရေးလုပ်ငန်းခွင်ကို  သွား ရောက်စစ်ဆေးသည်။


ဦးစွာ အဆောက်အဦ  အထူး အဖွဲ့(၆) တာဝန်ခံအင်ဂျင်နီယာက Site Plan ၊   ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစာရင်း၊  လုပ်ငန်းစီမံချက် များကို      ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ကဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေး ဆောင်ရွက်ရန်နှင့် သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အရည် အသွေးနှင့်  လက်ရာလက်သား ကောင်းမွန်အောင်  တည်ဆောက် ရေး၊   သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို  အထူး အလေးထား    ဆောင်ရွက်ရန် မှာကြားပြီး စုပေါင်းရုံး သုံးထပ် အဆောက်အဦ   တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း    လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်  ပြည်ကြီးတံခွန် မြို့နယ် (၆၂)လမ်းနှင့်  ကနောင် မင်းသားကြီး  လမ်းထောင့်တွင် ရာဇာမင်းကုမ္ပဏီမှ  ဆောင်ရွက် လျက်ရှိသည့်  EV  Charging Station လုပ်ငန်းဆောင်ရွက်ပြီးစီး မှုအခြေအနေကို ကြည့်ရှုစစ်ဆေး ပြီး ဒုတိယဝန်ကြီးက ဆောင်ရွက် လျက်ရှိသော   EV  Charging Station  များကို   ကော်မတီမှ သတ်မှတ်ထားသည့် ပုံစံအတိုင်း အမြန်ဆုံး ပြီးစီးနိုင်ရေးဆောင်ရွက် သွားရန်နှင့် ဆောင်ရွက်ပြီးစီးပါက ဖွင့်ပွဲ  အခမ်းအနားဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။


ထို့နောက်    ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်     အဆောက်အဦ ဦးစီးဌာန   တည်ဆောက်ရေးအဖွဲ့ (၂) အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦ တည်ဆောက်ရေး  လုပ်ငန်းခွင်သို့ ရောက်ရှိရာ   တာဝန်ခံအင်ဂျင် နီယာကSite Plan ၊ ဘဏ္ဍာနှစ် အလိုက်  လုပ်ငန်းစာရင်း၊ လုပ်ငန်း စီမံချက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန  ညွှန် ကြားရေးမှူးချုပ်က    ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။ 
တင်ပြချက်များကို   ဒုတိယ ဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး  ဆောင်ရွက်ရန်နှင့် သတ်မှတ် စံချိန်စံညွှန်းများအတိုင်း  အရည်အသွေးနှင့်      လက်ရာ လက်သား     ကောင်းမွန်အောင် တည်ဆောက်ရေး၊      သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး တို့အား တာဝန်ရှိသူအဆင့်ဆင့်မှ အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်