ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ  ၂၈
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဒီဇင်ဘာ ၂၃ ရက်က မန္တလေးတိုင်းဒေသ ကြီး  အမှတ်(၁)   သံမဏိစက်ရုံ (မြင်းခြံ)သို့   သွားရောက်ကြည့်ရှု စစ်ဆေးပြီး  စက်ရုံမှ   တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်     စက်ရုံမှူးက သံမဏိထုတ်လုပ်မှု၊ Electric Arc Furnace (EAF) တွင်   မီးခံအုတ် အသစ်လဲလှယ်မှု၊ Air Separation Plant တွင် အောက်ဆီဂျင်ထွက်ရှိမှု၊ Steel Billet များ ထုတ်လုပ်မှုနှင့် လုပ်ငန်းခွင်    ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြ ရာ ဒုတိယဝန်ကြီးက Steel Billet ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်ရုံ မှူးနှင့် ဝန်ထမ်းများ    ဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ စက်ရုံကုန်ထုတ် လုပ်ငန်းများ ယခုထက်တိုးတက် အောင် ကြိုးပမ်းကြရန်၊ စက်ရုံလုံခြုံ ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးကို အထူးကြပ်မတ်ဆောင်ရွက် ရန်  မှာကြားပြီး    Meltshop-1 သံရည်ကျိုလုပ်ငန်း    ဆောင်ရွက် နေမှု၊ Air Separation Plant တွင် အောက်ဆီဂျင်နှင့်   နိုက်ထရိုဂျင် ထုတ်လုပ်မှုနှင့် စီမံကိန်း Drawing များ စနစ်တကျထိန်းသိမ်းထားရှိ မှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ထို့အတူ ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၂၄ ရက်က   ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအား သွားရောက်ကြည့်ရှု   စစ်ဆေးရာ တာဝန်ရှိသူများက စက်မှုမှတ်ပုံ တင်လုပ်ငန်း၊  လျှပ်စစ်စစ်ဆေး ခြင်းလုပ်ငန်း၊   ဘွိုင်လာစစ်ဆေး ခြင်းလုပ်ငန်းနှင့် MSME ချေးငွေ ဆိုင်ရာလုပ်ငန်းများ  ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက     မှတ်ပုံတင် လုပ်ငန်းများကို   သတ်မှတ်ထား သော   လုပ်ငန်းအစီအမံအတိုင်း ပြည့်စုံပါက    ကြန့်ကြာမှုမရှိဘဲ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေး ရန်၊ ဝန်ထမ်း၊ ပစ္စည်း၊ အဆောက် အဦ၊ သတင်းလုံခြုံရေးနှင့် မီးဘေး အန္တရာယ်  ကာကွယ်ရေးကိစ္စရပ် များကို အထူးအလေးထားဆောင် ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင်    ဒုတိယ ဝန်ကြီးသည် ဧရာဝတီတိုင်းဒေသ ကြီး ကြံခင်းမြို့နယ်ရှိ အမှတ် (၃၂)အကြီးစားစက်ရုံ (ကြံခင်း) ဘိလပ် မြေစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး   စက်ရုံအစည်းအဝေး ခန်းမ၌  အမှတ်(၃၂)  အကြီးစား စက်ရုံ(ကြံခင်း)အား   အကျိုးတူ ပူးပေါင်း  ဆောင်ရွက်ခြင်းအတွက် စီမံကိန်း   ဦးဆောင်ကော်မတီမှ Asia Square Power Group Co., Ltd. နှင့် စက်ရုံလုပ်ငန်း စီမံကိန်း ကြီးကြပ်ရေးအဖွဲ့တို့အား တွေ့ဆုံ ကာ    စက်ရုံလည်ပတ်နိုင်ရေး အတွက် Master Plan များ ရေးဆွဲ ထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များ   အချိန်မီဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ကို စနစ်တကျ ကြိုတင်စီမံဆောင် ရွက်ရန် မှာကြားသည်။
ထို့နောက်  ဒုတိယဝန်ကြီး သည်  စက်ရုံရှိ   ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏   တင်ပြ ချက်များကို    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အမှတ်(၃၂)အကြီးစားစက်ရုံ (ကြံခင်း) ဘိလပ် မြေစက်ရုံ၏ ကုန်ကြမ်းထုံးကျောက် သယ်ဆောင်ရာတွင် အသုံးပြုနေ သော     လျှပ်စစ်စက်ခေါင်းဖြင့် မောင်းနှင်သည့်    တွဲဆိုင်းနှင့် မီးရထားလမ်း  အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည်     ဒီဇင်ဘာ ၂၅ ရက်ကလည်း  ပဲခူး တိုင်းဒေသကြီး ရွှေတောင်မြို့နယ် ရှိ  အမှတ်(၁)   အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး  တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်    စက်ရုံမှူးက စက်ရုံလည်ပတ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေ ကို  ရှင်းလင်းတင်ပြရာ    ဒုတိယ ဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လျာထားချက်များအပေါ် လိုအပ် သောစက်ပစ္စည်း၊ ကုန်ကြမ်းများ ရရှိရေး ကြိုတင်စီစဉ်ဆောင်ရွက် ထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များအတွက်   Action    Plan, Production Plan နှင့် Marketing Plan များကို စနစ်တကျရေးဆွဲ ဆောင်ရွက်ကြရန်   မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်ငန်း များ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်