
နေပြည်တော် မေ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၌ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာ များ ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးသည် မေ ၁၆ ရက် နံနက်ပိုင်းတွင် မြိတ်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ထုတ်လွှင့်မှု မပြတ် တောက်စေရေး၊ စက်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှုမရှိအောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ရေး၊ သဘာဝဘေးအန္တရာယ် ကြောင့် စက်နှင့် အဆောက်အအုံ များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး တို့ကို မှာကြားသည်။
ထို့နောက် မြိတ်မြို့ရှိ ကိုယ်ပွား သတင်းစာတိုက်သို့ ရောက်ရှိပြီး စက်ပစ္စည်းများ ထိန်းသိမ်းစောင့် ရှောက်မှုနှင့် သတင်းစာဖြန့်ဝေမှု တို့နှင့်စပ်လျဉ်း၍ မှာကြားကာ မီးဘေးလုံခြုံရေး ဂရုစိုက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် မြိတ်မြို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် သို့ရောက်ရှိပြီး စာဖတ်စာငှားလာ ကြသူများနှင့် ကလေးစာဖတ်ခန်း တွင် လာရောက်လေ့လာနေကြ သော ကျောင်းသားကျောင်းသူများ အား တွေ့ဆုံ၍ အားပေးနှုတ်ဆက် သည်။
ယင်းနောက် ခရိုင်ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ တနင်္သာရီမြို့ နယ်၊ ပုလောမြို့နယ်နှင့် ပလောက် မြို့တို့မှ ဦးစီးမှူးများ၊ ထပ်ဆင့် လွှင့်စက်ရုံစက်ရုံမှူးနှင့် ဝန်ထမ်း များ၊ ကိုယ်ပွားသတင်းစာတိုက် (မြိတ်) တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေနှင့် မိမိတို့ဝန်ကြီး ဌာန၏ ရည်မှန်းချက်တာဝန်ဖြစ် သော ပြန်ကြားရေး၊ အသိပညာ ပေးရေး၊ ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်း ရေးရာကိစ္စများနှင့် ဝန်ထမ်းများ လုပ်ဆောင်မှု စွမ်းရည်မြင့်မား ရေးနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရေးတို့ကို မှာကြား ခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြ ဆွေးနွေးချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် တနင်္သာရီ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်၊ ကလိန်အောင်မြို့နယ်နှင့် သရက်ချောင်းမြို့နယ် ဦးစီးမှူး တို့က Video Conferencing စနစ် ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်