ဒုတိယဝန်ကြီး  ဦးရဲတင့် ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   မေ  ၁၅


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးရဲတင့်သည်   ယနေ့ နံနက်ပိုင်းက  ရန်ကုန်တောင်ပိုင်း ခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး (သန်လျင်) နှင့်       ကျောက်တန်းမြို့နယ်ရုံး တို့ကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။

 


ဒုတိယဝန်ကြီးသည် အဆိုပါ ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ၍   လက်ရှိနိုင်ငံရေး    ဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ ဝန်ကြီး ဌာနက  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရည်မှန်း ချက်လုပ်ငန်းတာဝန်များ အကောင် အထည်ဖော်        ဆောင်ရွက်ရေး၊ ဒေသဆိုင်ရာ   အာဏာပိုင်အဖွဲ့ အစည်းများနှင့်           ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် များ ရှင်သန်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်၊        ပြည်သူအသိ ပညာပေးခြင်းနှင့် လူငယ်များကို ဗလငါးတန်ပြည့်ဝရေး အသိပညာ ပေးခြင်းလုပ်ငန်းများ၊ သတင်းမှန် များအချိန်မီပေးပို့ ထုတ်ပြန်နိုင် ရေးစသည်ဖြင့်  ဆွေးနွေးမှာကြား သည်။

 


ယင်းနောက်   တက်ရောက် လာသည့် ခရိုင်နှင့် မြို့နယ်ရုံးတို့ မှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဦးစီးအရာရှိများက   ဌာန၏ လုပ်ငန်းများ  အကောင်အထည် ဖော်       ဆောင်ရွက်နေမှုနှင့် ဆက်လက်       ဆောင်ရွက်မည့် လုပ်ငန်းများကို     တင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ် ချက်များ       ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ဒုတိယဝန်ကြီးသည် တောင်ပိုင်း ခရိုင်ပြန်ကြားရေးနှင့်     ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး (သန်လျင်) နှင့် ကျောက်တန်းမြို့နယ်ရုံးတို့၏ စာကြည့်တိုက်၊          ပြတိုက်ငယ်၊ ဓာတ်ပုံ၊   နံရံကပ်စာစောင်များ ခင်းကျင်းပြသထားမှု၊    ကလေး စာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။                  

 

သတင်းစဉ်