ဒုတိယဝန်ကြီး ဦးရဲတင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ   ၁၄


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးရဲတင့်သည်    ယနေ့ နံနက်ပိုင်းက    တောင်ကြီးမြို့ရှိ ပြည်နယ်        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် လူထုအခြေပြုဗဟိုဌာနတို့ကို လည်းကောင်း၊ ဟိုပုံးမြို့နယ်ရုံးကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မွန်းလွဲပိုင်းတွင်    လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးသို့   ရောက်ရှိကာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

 


ကြည့်ရှုစစ်ဆေး


ထို့နောက်    မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးသို့     ရောက်ရှိ ကြည့်ရှုပြီး    ဝန်ထမ်းများနှင့် တွေ့ဆုံသည်။    ဆက်လက်၍ လင်းခေးမြို့ရှိ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား    ထပ်ဆင့်လွှင့် စက်ရုံကို   ကြည့်ရှုစစ်ဆေးပြီး (အောက်ပုံ) ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊    မောက်မယ်မြို့နယ်ဦးစီး မှူး၊    ထပ်ဆင့်လွှင့်စက်ရုံမှူးနှင့်        ဝန်ထမ်းများအား  လုပ်ငန်းဆိုင်ရာ များ တွေ့ဆုံသည်။

 


ကြိုတင်ညှိနှိုင်း
ဆောင်ရွက်


ဒုတိယဝန်ကြီးသည် ဝန်ထမ်း များနှင့်   တွေ့ဆုံစဉ်    ရှမ်းပြည်နယ် တောင်ပိုင်းဒေသ  အားလုံးနီးပါး သည် တည်ငြိမ်အေးချမ်းနေသဖြင့် ပြည်သူလူထုမှာ စိတ်ချမ်းသာပြီး လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်မှု ကို   ဆောင်ရွက်နိုင်ကြကြောင်း၊ ထိုကဲ့သို့  ကောင်းမွန်သည့်  တည် ငြိမ်အေးချမ်းမှုကို   ဆက်လက် ထိန်းသိမ်းပြီး နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဌာနဆိုင်ရာများ နှင့်    ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများကိုလည်း အသိပညာ    ဗဟုသုတပေးရန် လိုကြောင်း၊   လူငယ်များ   ပြုစု ပျိုးထောင်ရေးကို    ဆက်လက် ဆောင်ရွက်သွားကြရန်နှင့် မကြာ မီ    နွေရာသီကျောင်းပိတ်ရက် ကာလများ   ရောက်ရှိတော့မည် ဖြစ်ရာ ထိုကာလရှည်ကျောင်းပိတ် ရက်တွင် ကျောင်းသား ကျောင်းသူ များ  အားလပ်ချိန်ကို  အကျိုးရှိ စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသား   ကျောင်းသူများ အသိပညာ ဗဟုသုတပြန့်ပွားရေး အတွက် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်ရေးကို ကြိုတင်ညှိနှိုင်း စီစဉ်      ဆောင်ရွက်ကြရန်နှင့် ပွင့်လင်းရာသီကာလတွင် မီးဘေး အန္တရာယ်ဂရုပြုရန်တို့ကို မှာကြား ခဲ့သည်။ 


သတင်းစဉ်