
နေပြည်တော် ဇန်နဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည့် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် မိုင်းပန် မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ထပ်ဆင့်လွှင့်စက်ရုံ ကို ကြည့်ရှုစစ်ဆေးပြီး မိုင်းပန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။
ထို့နောက် မိုင်းတုံမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင် မိုင်းဆတ်မြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှု စစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းခတ်၊ မိုင်းထ၊ ပုံပါကျင်မြို့တို့မှ ဦးစီးမှူးများ၊ မိုင်းဆတ်ထပ်ဆင့်လွှင့် စက်ရုံမှူး တို့နှင့် တွေ့ဆုံသည်။
ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်း တွင် တာချီလိတ်ခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်း လတ်မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူး နှင့် တာချီလိတ်ထပ်ဆင့်လွှင့် စက်ရုံ စက်ရုံမှူးတို့ကို တွေ့ဆုံ ပြီး တာချီလိတ် ထပ်ဆင့်လွှင့် စက်ရုံကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ယင်းနောက် တာလေမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံ၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့ ထပ်ဆင့် လွှင့်စက်ရုံနှင့် မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနတို့သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်းတို့ကို ရောက်ရှိပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ ပညာကို ကြိုးစားသင်ယူရေး၊ အတတ်ပညာသာမက အသိပညာ ဗဟုသုတကြွယ်ဝပြီး ဗလငါးတန် ပြည့်ဝသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတော် အတွက် အားကိုးအားထားပြု နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန် မှာကြားကာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် အား ကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ ပေးအပ်သော အားကစား ဆိုင်ရာ ပစ္စည်းများကို တာဝန်ရှိ သူများထံ ပေးအပ်သည်။
ညနေပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး တွင် တွဲဖက်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းဆတ်နှင့် မိုင်းယန်း မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံများ ကျိုင်းတုံဇုန်နယ်မှူးနှင့် မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယု ထပ်ဆင့်လွှင့် စက်ရုံ တာဝန်ခံများ၊ ကိုယ်ပွားသတင်း စာတိုက် (ကျိုင်းတုံ) တာဝန်ခံတို့ အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ မှာကြားသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်း များနှင့် တွေ့ဆုံရာတွင် နိုင်ငံ့ ဝန်ထမ်းပီသစွာ သစ္စာရှိရှိ တာဝန် သိသိ ထမ်းဆောင်ရေး၊ နွေရာသီ ကျောင်းပိတ်ရက် ကာလများတွင် ကျောင်းသား ကျောင်းသူ လူငယ် များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တာဝန်ရှိ သူများနှင့် ပူးပေါင်းပြီး အသိ ပညာဗဟုသုတ မျှဝေပေးနိုင် ရေး၊ ဝေးလံသော ဒေသများဖြစ်၍ ဌာနဆိုင်ရာ အကြီးအကဲနှင့် တာဝန်ရှိသူများ မလာရောက် နိုင်သော်လည်း မိမိတို့ ကိုယ်တိုင် က တာဝန်သိစိတ်၊ စေတနာတို့ဖြင့် ဆောင်ရွက်ရန် ရှိသည်များကို အလိုက်တသိ ဆောင်ရွက်ကြရေး၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ထုတ်လွှင့် မှုကို လျှပ်စစ်ဓာတ်အား ရရှိမှု အပေါ် မူတည်၍ အပြည့်အဝ ထုတ်လွှင့်ပေးနိုင်ရေး၊ ပွင့်လင်း ရာသီတွင် မီးဘေးအန္တရာယ် သတိပြုကာကွယ်ရေးနှင့် လုပ်ငန်း ဆိုင်ရာများကို ဆွေးနွေးမှာကြား ပြီး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆွေးနွေးခဲ့သည်။
သတင်းစဉ်