ဒုတိယဝန်ကြီး ဦးရဲတင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း (၂/၂၀၂၃) ဆင်းပွဲအခမ်းအနား တက်ရောက်

 

နေပြည်တော် စက်တင်ဘာ  ၂၂


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လုပ်ငန်းခွင်အကြို လေ့ကျင့် ရေးသင်တန်း(၂/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန   သင်တန်းကျောင်း၌ ကျင်းပရာ       ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်၊   ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့်  တာဝန်ရှိသူများ၊   သင်တန်း သား သင်တန်းသူများ တက်ရောက် ကြသည်။


ဦးစွာ  ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဦးရဲတင့်က သင်တန်းသား သင်တန်းသူများ သည် ဌာနလုပ်ငန်းများကို စတင် ထမ်းဆောင်ကြမည့်    ဒုတိယ ဦးစီးမှူးများ ဖြစ်ကြသည့်အတွက် ခရိုင်၊ မြို့နယ်နှင့်   မြို့ရုံးများ၏ စာကြည့်တိုက်တာဝန်ခံ၊ စာကြည့် တိုက်မှူးများအဖြစ် ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊   စာကြည့် တိုက်မှူးကောင်းများ   ဖြစ်လာ အောင် ကြိုးစားသင်ယူကြရမည် ဖြစ်သကဲ့သို့ မိမိတို့၏  စာကြည့် တိုက်ကို ပြည်သူများ လာရောက် အသုံးပြုသည့်နေရာ၊ အသိပညာ၊ ဗဟုသုတများ   ရှာမှီးရာနေရာ၊ အားကိုးယုံကြည်ရာနေရာ ဖြစ်လာ အောင် တီထွင်ကြံဆလုပ်ကိုင်ကြ ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက် လုပ်ငန်းများကို Digital Library Management System (DLMS)ဖြင့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း နှင့် စာငှားလုပ်ငန်း စသည့်ပြည်သူ့ စာကြည့်တိုက်      ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း အောင်မြင် အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ သင်တန်းတွင် သင်ကြား ပေးသည့် ဘာသာရပ်များသာမက ပိုမိုကောင်းမွန်သည့်      တီထွင် ဆန်းသစ်မှုများကို အမြဲလေ့လာ သင်ယူ၍   လက်တွေ့လုပ်ငန်းများ တွင် အကျိုးရှိရှိပြန်လည် အသုံးချ ပြီး ဝန်ကြီးဌာနနှင့်   ဦးစီးဌာနတို့ ၏     ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေးအတွက် ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်   ဒုတိယဝန်ကြီး ဦးရဲတင့်က သင်တန်းတွင် ထူးချွန် ဆုများရရှိခဲ့ကြသည့် ပထမဆုရရှိ သည့် လွိုင်လင်ခရိုင်ရုံးမှ ဒုတိယ ဦးစီးမှူး ဒေါ်ဆုရည်ထွေး၊  ဒုတိယ ဆုရရှိသည့် သုတေသနနှင့်သတင်း အချက်အလက်ဌာနခွဲမှ ဒုတိယ ဦးစီးမှူး ဦးမိုးဝေအောင်၊ တတိယ ဆုရရှိသည့် ကွန်ဟိန်းမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ် နိုင်တို့ကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့် ပြီး သင်တန်းဆင်းလက်မှတ်များ ကို သင်တန်းသားများ ကိုယ်စား သင်တန်းသား  ခေါင်းဆောင်ထံ ပေးအပ်သည်။


ယခု      လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းကို သုံးပတ် ကြာဖွင့်လှစ်သင်ကြားပြီး သင်တန်း သား သင်တန်းသူ ၂၇ ဦး တက် ရောက်ကာ      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ သင်တန်းနည်းပြများက ဦးစီးဌာန ၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်း ချက်တာဝန်များ၊  နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ၊   ဘဏ္ဍာရေးစည်းမျဉ်း၊ ငွေစာရင်းထိန်းသိမ်းနည်း၊ စာကြည့် တိုက်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Digital Library Management System (DLMS) အသုံးပြုနည်း၊ သတင်းအမှန်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေ ရေး လျင်မြန်စွာ ထုတ်ပြန်နိုင်စေ ရန်နှင့် မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် သတင်း အပြန်အလှန်စီးဆင်းရေး၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(MIL)၊ လူမှုမီဒီယာ (Social Media) သိကောင်းစရာ များ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၊  သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် ပြည်သူ့ ဆက်ဆံရေး    ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း(ပြန်/ဆက်)