ဒုတိယဝန်ကြီး ဦးရဲတင့် ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ပဲခူးမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံကို  ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   နိုဝင်ဘာ   ၁၈


ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရဲတင့်သည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံ၌ ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်ပေး နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

 


ဝန်ထမ်းများအားတွေ့ဆုံ


ထို့နောက်    ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ စာကြည့်တိုက်နှင့် ကလေး စာဖတ်ခန်း         ပြင်ဆင်ထားရှိ မှုကို     ကြည့်ရှုစစ်ဆေးပြီး   လူထု အခြေပြုဗဟိုဌာန        ခန်းမ၌  တိုင်းဒေသကြီးဦးစီးမှူး၊     ဒုတိယ ညွှန်ကြားရေးမှူး၊     ခရိုင်ဦးစီးမှူး များ၊          မြို့နယ်ဦးစီးမှူးများ နှင့်     ဝန်ထမ်းများ၊     ထပ်ဆင့် လွှင့်စက်ရုံမှ စက်ရုံမှူးနှင့် ဝန်ထမ်း များအား တွေ့ဆုံသည်။

 


ပူးပေါင်းဆောင်ရွက်

ဝန်ထမ်းများနှင့်  တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက  ဝန်ထမ်းများ အနေဖြင့် မိမိတာဝန်ကျရာဒေသ  ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ဌာနဆိုင်ရာများ၊  ဒေသခံပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊  ပုံပြောပြိုင်ပွဲ၊   စကားရည်လုပွဲနှင့် အသိပညာပေး      လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့ ဝင်      လူငယ်၊   လူရွယ်များနှင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြ ရန် ၊   ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားမှု နှင့်ပတ်သက်သည့်   အသိပညာ ပေးလုပ်ငန်းများကို    ဆက်လက် ဆောင်ရွက်ကြရန်     မှာကြားခဲ့သည်။                    

သတင်းစဉ်