ဒုတိယဝန်ကြီး ဦးရဲတင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

 

သံတွဲ    မေ     ၁၃


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးရဲတင့် သည်   မေ ၁၁ ရက်   နံနက်ပိုင်းက  ဧရာဝတီတိုင်း ဒေသကြီး   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး     ဦးစီးဌာနရုံးတွင် တိုင်းဒေသကြီး   ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား  ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူး နှင့်      ဝန်ထမ်းများ၊     တိုင်းရင်းသားသတင်းဌာနခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


ထို့နောက် ဂွမြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့်    ကျိန္တလီမြို့ရုံးများသို့ ရောက်ရှိပြီး  ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မေ ၁၂ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည်  သံတွဲခရိုင် ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ ရောက်ရှိပြီး   မုန်တိုင်းဒဏ်ကြောင့် စာအုပ်စာစောင် များနှင့် ရုံးသုံးပစ္စည်းများ  ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုကို     ကြည့်ရှု စစ်ဆေးပြီး     ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး နှင့် ခရိုင်ရုံးဝန်ထမ်းများ၊ ငပလီမြို့ရုံးဝန်ထမ်းများနှင့်  တွေ့ဆုံသည်။

 


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သံတွဲမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို  ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး   မုန်တိုင်းကာလတွင် ထုတ်လွှင့်မှုမပြတ်တောက်စေရေး သတိပြုဆောင် ရွက်ရန် ဝန်ထမ်းများအား မှာကြားသည်။
ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် မုန်တိုင်းကာလအတွက်   ကြိုတင်ပြင်ဆင်ရန်   ကိစ္စ များ၊    အသိပညာပေးလုပ်ငန်းများနှင့်    သတင်း ထုတ်ပြန်ရေးကိစ္စများ၊ လူငယ်များ အသိပညာပေး လုပ်ငန်းများနှင့်        ကျောင်းအပ်နှံရေးကာလတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး တိုက်တွန်းနှိုးဆော်ရေးနှင့် ဝန်ထမ်းကောင်းပီသစွာ နိုင်ငံနှင့်ပြည်သူကို သစ္စာစောင့်သိပြီး ပေးအပ်သည့် တာဝန်များကို    ကျေပွန်စွာထမ်းဆောင်ရေးတို့ကို မှာကြားခဲ့သည်။

 


ညနေပိုင်းတွင်  ဒုတိယဝန်ကြီးသည် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သံတွဲခရိုင်    သဘာဝ  ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ        ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  သံတွဲခရိုင်အတွင်း ကုန်းမြင့်ဒေသများတွင် ဖွင့်လှစ်ထားသော မုန်တိုင်း အန္တရာယ်   ခိုလှုံရာစခန်းများဖြစ်သည့် ဝါးတောင် ကွင်းဘုန်းတော်ကြီးကျောင်း၊   အောင်ဓမ္မရိပ်သာ ကျောင်းနှင့်  မင်္ဂလသုခဘုန်းတော်ကြီးကျောင်းများ သို့ လာရောက်ခိုလှုံနေကြသည့် ပင်လယ်ကမ်းခြေနှင့် နီးသော ကျေးရွာများမှ ပြည်သူများ၊  ကမ်းခြေတွင် နေထိုင်ကြသော ရေလုပ်သားများအား သွားရောက် တွေဆုံ အားပေးစကားပြောကြားသည်။

 


ဒေသခံပြည်သူများ     သဘာဝဘေးအန္တရာယ် ဆိုးရွားစွာ မခံစားရနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ နှင့် ပြည်နယ်အစိုးရတို့က ကြိုတင်စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး မုန်တိုင်းကာလ အတွင်း အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အသိပေးဆောင်ရွက်သွားရန်မှာကြားသည်။

 


ထို့နောက် မုန်တိုင်းဒဏ်မခံရရေး ကြိုတင်ခိုလှုံ ရောက်ရှိနေသော မုန်တိုင်းရှောင်ပြည်သူများအတွက်   ပြည်နယ်အစိုးရက ထောက်ပံ့ကူညီသော ဆန်၊ ဆီနှင့်  စားသောက်ဖွယ်ရာများကို     တာဝန်ရှိသူများက ပေးအပ်ပြီး  ဒုတိယဝန်ကြီးက  သံတွဲခရိုင် မုန်တိုင်း ရှောင်  ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာန က လှူဒါန်းထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ် လှူဒါန်းခဲ့သည်။

ခရိုင်(ပြန်/ဆက်)