ဒုတိယဝန်ကြီး ဦးရဲတင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများကို ကြည့်ရှုစစ်ဆေး

 

မကွေး   နိုဝင်ဘာ   ၁၈


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရုံးသို့  ရောက်ရှိပြီး ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ မြို့သစ်မြို့နယ်ရုံး   ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ နတ်မောက်မြို့နယ်ရုံး  ဦးစီးအရာရှိ နှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။


ထို့နောက် တောင်တွင်းကြီးမြို့နယ်ရုံးသို့ ရောက်ရှိ ကာ ရုံးလုပ်ငန်းများကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီး အရာရှိနှင့် ဝန်ထမ်းများ၊ တောင်တွင်ကြီးမြို့ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား     ထပ်ဆင့်လွှင့်စက်ရုံရှိ ဝန်ထမ်းများနှင့်   တွေ့ဆုံပြီးနောက်   ထပ်ဆင့်လွှင့် စက်ရုံအားကြည့်ရှုစစ်ဆေး၍   လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်ပြီး သရက်ခရိုင် မင်းလှမြို့နယ်ရုံးသို့ ရောက်ရှိပြီး ရုံးလုပ်ငန်းများ   ကြည့်ရှုစစ်ဆေးကာ မြို့နယ်ဦးစီးအရာရှိနှင့်  ဝန်ထမ်းများအား   တွေ့ဆုံ သည်။ ယင်းနောက် မင်းဘူးခရိုင်ရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်လုပ်ငန်း    ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဦးစီးမှူး၊  ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်တို့မှ   ဦးစီးမှူး၊  မင်းဘူးမြို့   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ယနေ့နံနက်ပိုင်းက မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့   ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မကွေးသတင်းဌာနခွဲ ဝန်ထမ်းများ၊ ကိုယ်ပွားသတင်းစာတိုက်မှဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ (အပေါ်ပုံ)မွန်းလွဲပိုင်းတွင်  ပွင့်ဖြူမြို့နယ်ရုံး၊   စလင်း မြို့နယ်ရုံးနှင့်   ဆိပ်ဖြူမြို့နယ်ရုံးသို့   ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်မှုများကို    ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား လိုအပ်သည်များမှာကြားသည်။
ညနေပိုင်းတွင် ချောက်မြို့နယ်ရုံးကို  ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မိမိတို့ဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် ပြည်သူများ အား သတင်းအချက်အလက်များ ပြန်ကြားပေးရန် နှင့် ပညာပေးခြင်းလုပ်ငန်းများကို ထိရောက်အောင်မြင် အောင်ဆောင်ရွက်ကြရန်၊ မိမိတို့ရုံးများရှိ ပြည်သူ့ စာကြည့်တိုက်များသို့ ပြည်သူလူထုများ လာရောက် ၍ စာဖတ်ခြင်း၊ စာအုပ်ငှားခြင်းများကို တိုးတက်အောင် ဆောင်ရွက်ကြရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး နှင့်အသိပညာဗဟုသုတများပြန့်ပွားစေရေးကို အလေး ထားဆောင်ရွက်ရန်၊ နိုင်ငံတော်အဆင့်  အထိမ်း အမှတ်နေ့ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ကျင်းပရာတွင်   တိုင်း၊  ခရိုင်၊  မြို့နယ်ရုံးများအနေ ဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)တိုးတက်အောင်မြင် ရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား လူငယ်များအား    အကျိုးရှိစေမည့်သင်တန်းများ ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကြိုတင် ပြင်ဆင်ထားကြရန်၊     ဒေသတွင်းမှ    ထုတ်လုပ်မှု လုပ်ငန်းများကို သတင်းထုတ်ပြန်ပေးရေးဆောင်ရွက် ကြရန်၊   နိုင်ငံ့ဝန်ထမ်းများပီပီ    မိမိတို့   လိုက်နာ စောင့်ထိန်းရမည့် အဓိဋ္ဌာန်၊ ကျင့်ဝတ်၊ ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်းကမ်း ပြည့်ဝပြီး တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများ ဖြစ်အောင်    အစဉ်အမြဲကြိုးစားဆောင်ရွက်ရန်၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေ သည့်  ရှေးလုပ်ငန်းစဉ်များနှင့်   ဦးတည်ချက်များကို အများပြည်သူ  ကျယ်ကျယ်ပြန့်ပြန့်    သိရှိနိုင်ရေး သက်ဆိုင်ရာဒေသ    အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ အစည်းများ၊ ဆက်စပ်ဌာနများနှင့်ပေါင်းစပ်၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြားပြီး တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ရုံးများ၏ တင်ပြချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။    

တိုင်းဒေသကြီး(ပြန်/ဆက်)