
မြစ်ကြီးနား ဧပြီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်တို့နှင့်အတူ ယနေ့နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့ ရောက်ရှိပြီး ကချင် ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့် ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင် ရွက်နေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား (တိုင်းရင်းသားဘာသာ)အစီအစဉ်အတွက် လုပ်ငန်းဆောင် ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
မွန်းလွဲပိုင်းတွင် မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနသို့ ရောက်ရှိပြီး ဌာနလုပ်ငန်းများ ဆောင်ရွက်နေ မှု၊ Community Centre လုပ်ငန်း များ ဆောင်ရွက်နေမှု၊ စာကြည့် တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ် ဘက်စုံဖွံ့ဖြိုးရေးစင်တာအတွင်း အားကစားလေ့ကျင့်ရေး ပစ္စည်း များဖြင့် ဝန်ဆောင်ပေးထားမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အစည်းအဝေး ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးနှင့် မြစ်ကြီးနားခရိုင်ရုံး၊ ဝိုင်းမော်မြို့နယ်ရုံး၊ တနိုင်းမြို့နယ် ရုံး၊ ချီဖွေမြို့နယ်ရုံး၊ ဆဒုံးမြို့ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံ ဇုန်နယ်မှူးနှင့် မိုးကောင်း၊ ဆဒုံး၊ ကန်ပိုက်တီတို့မှ စက်ရုံမှူးများ၊ ရုပ်ရှင်ဌာနခွဲနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံ လိုင်း မြစ်ကြီးနားသတင်းဌာနခွဲ တို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ညှိနှိုင်းပေါင်းစပ်
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံ၏ အခြေအနေမှန်ကို ရှင်းလင်းစွာ သိရှိနားလည်ပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ပေးအပ်လာသော တာဝန်ကိုကျေပွန်စွာထမ်းဆောင် ကြရေး၊ လူငယ်လူရွယ်များအား အတွေးအခေါ် မှန်ကန်မှုရှိစေရေး၊ ပညာပြည့်ဝသည့် လူငယ်များဖြစ် စေရေး၊ အနာဂတ်ခေါင်းဆောင် များအဖြစ် ပေါ်ထွန်းလာစေရေး အတွက် ပညာပေးရန်၊ အသိပညာ ပေးရန်ဆိုသည့် ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းဖြင့် ပြုစုပျိုးထောင် ပေးရေး၊ ဝန်ထမ်းများ ကိုယ်တိုင် စာပေဖတ်ရှုလေ့လာပြီး အတွေး အခေါ်၊ အသိပညာ ဗဟုသုတ တိုးပွားအောင် ဆောင်ရွက်ကြ ရေးတို့ကို မှာကြားပြီး ပြည်နယ် ဦးစီးမှူး၊ ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)