
ကျိုင်းတုံ ဒီဇင်ဘာ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ကျိုင်းတုံမြို့ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွား သတင်းစာတိုက်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ် ရုံး၌ တွဲဖက်ပြည်နယ်ရုံးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ မိုင်းခတ်၊ မိုင်းယန်း၊ မြို့နယ်တို့မှ ဦးစီးမှူးများ၊ တုံတာမြို့ဦးစီးမှူး၊ ကိုယ်ပွားသတင်းစာတိုက် (ကျိုင်းတုံ) တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံမှ ဇုန်နယ်မှူးတို့အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ ဆွေးနွေးမှာကြားသည်။
ထို့နောက် လွယ်မွေ ထပ်ဆင့်လွှင့်စက်ရုံ ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံ သည်။
ယင်းနောက် မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မိုင်းဖြတ် ထပ်ဆင့်လွှင့်စက်ရုံ၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် တာလေ ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး (အပေါ်ပုံ) ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်က ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ လက်ရှိဖြစ်ပွားနေသည့် ဆူပူ အကြမ်းဖက်မှုများနှင့် ကောလာဟလ သတင်းများ အပေါ် ပြည်သူလူထုအား သတင်းအမှန်များ ချပြမျှဝေရန် လိုအပ်မှု ၊ လူငယ်များ အတွေးအခေါ် အယူအဆမှန်ကန်ရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ အကြမ်းဖက်လုပ်ငန်းများ ပပျောက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အသိပညာပေးရန် လိုအပ်မှု၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာသော်လည်း အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရန်၊ မကြာမီကျရောက်တော့မည့် လွတ်လပ်ရေးနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
သတင်းစဉ်