
ခန္တီး ဧပြီ ၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ဗျူဟာမှူး၊ ခရိုင် အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုပြီး ဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူများနှင့် မိဘများအား တွေ့ဆုံအားပေး သည်။
ထို့နောက် ခရိုင်ပညာရေး လက်ထောက်ညွှန်ကြား ရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ စာမေးပွဲ ကြီးကြပ်ဆောင်ရွက်ခဲ့သော ဆရာ ဆရာမများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးအကာအကွယ်ပေး အဖွဲ့တို့အား တွေ့ဆုံပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့်လည်း ယခုကဲ့သို့ မိမိတို့တပည့်များ ပညာရေးကို ဆရာ့ဝတ္တရားများနှင့်အညီ သင်ကြား ပြသပေးနေခြင်းကို ဂုဏ်ယူပါကြောင်း၊ ဆက်လက် ၍လည်း တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြမည် ဟု မျှော်လင့်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက် များတွင် လူငယ်များ အသိပညာတိုးတက်မြင့်မား ရေးအတွက် သင်တန်းများ၊ ဆွေးနွေးဟောပြောခြင်း များ၊ အားကစားပြိုင်ပွဲများနှင့် သင်တန်းများဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့တပည့် များကို စာတတ်ရုံသာမက ပညာတတ် လူတော် လူကောင်းများ၊ ဗလငါးတန်နှင့်ပြည့်ဝသော လူငယ် များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ စစ်ဗျူဟာမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးတို့က ဆရာ ဆရာမများနှင့် ကျန်းမာ ရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တပ်တွင်း မွေးမြူ / စိုက်ပျိုးထွက်ရှိသော ကြက်ဥနှင့် အသီး အနှံများ လက်ဆောင်ပေးအပ်၍ ရင်းနှီးခင်မင်စွာ နှုတ်ဆက်အားပေးခဲ့သည်။
သတင်းစဉ်