ဒုတိယဝန်ကြီး ဦးမင်းထိန် ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ     ၁၃


ဆောက်လုပ်ရေးဝန်ကြီး      ဌာန ဒုတိယဝန်ကြီး  ဦးမင်းထိန်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ရွှေညောင်- ထီးရီ(မွေးမြူရေးဇုန်)- လင်ကွင်း- ညိုမီး-လေးမိုင်ကွေ့လမ်း တိုးချဲ့မှု လုပ်ငန်း       ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းများ  ပြုလုပ် ဆောင်ရွက်ထားရှိရန်၊   ၁၂ ပေ အကျယ်မှ   ၂၄  ပေ  အကျယ်  ကတ္တရာလမ်းချဲ့ခြင်း  ဖြစ်သည့် အတွက် ယာဉ်အန္တရာယ်မဖြစ်စေ ရေး အဆိုပါလမ်းပေါ်ရှိ တံတား များ အဆင့်မြှင့်တင်တည်ဆောက် သွားရန်မှာကြားသည်။

 


အဆိုပါလမ်းသည် မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်း၊  အေးသာယာ-ညောင်ရွှေ လမ်းနှင့်   တောင်ကြီး-ကျောက် တလုံး-ကက္ကူလမ်းတို့ကို   ချိတ် ဆက်ထားသောလမ်းဖြစ်ကြောင်း သိရသည်။

 


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ ဒုတိယဝန်ကြီး သည်    အေးသာယာ - ညောင်ရွှေ-မိုင်းသောက် - နမ့်ပန်- တုံဟုံး- ပင်လောင်းလမ်းကို       လည်း ကောင်း၊        အောင်ပန်း-ပင်မှီ- အင်းတိန်လမ်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး သည် ရွာတော် -မြက်ဆက်တောင်- မြက်ဆက်မြောက် -  ဘော်နင်း ရွာသစ်လမ်းသို့      ရောက်ရှိပြီး အရည်အသွေး၊    စံချိန်စံညွှန်း ပြည့်မီအောင်    ဖောက်လုပ်သွား ရန်နှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော်ထားရှိရန်   မှာကြားကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 
အဆိုပါလမ်းသည် မိတ္ထီလာ- တောင်ကြီး ပြည်ထောင်စုလမ်းမ ကြီးနှင့်   ဟဲဟိုး-ဘော်နင်းလမ်း အား ချိတ်ဆက်ထားသော  လမ်း ဖြစ်ကြောင်း သိရသည်။  


သတင်းစဉ်