
ရန်ကုန် ဇန်နဝါရီ ၁၃
ပြည်တွင်းဈေးကွက်၌ ဆန်ဈေး နှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပ သို့ ဆန်တင်ပို့မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဈေးကစားလို သည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်း မဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင် ရေးနှင့် ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ၍ ဆန်စပါးသိုလှောင်မှုအား Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစနစ်ဖြင့် ကုမ္ပဏီ/ လူ ပုဂ္ဂိုလ်များမှ မှတ်ပုံတင်ထား သည့် သိုလှောင်ရုံများအနက်မှ လှိုင်သာယာမြို့နယ်ရှိ MyRo စနစ် ဖြင့် မှတ်ပုံတင်ထားသော သိုလှောင် ရုံများကို ဒုတိယဝန်ကြီး ဦးမင်းမင်း နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေး ရာ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက ဆန်၊ စပါးသိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ ရန်ကုန်မြို့ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် တွင် Warehouse Registration ဆောင်ရွက်ပုံ အဆင့်ဆင့်ကို သိုလှောင်ရုံများ၊ ပြည်ပတင်ပို့ သည့် ကုမ္ပဏီများ၊ ဆန်စက် လုပ်ငန်းများ၊ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များက မှတ်ပုံတင်ခြင်းကို ကဏ္ဍအလိုက် ရှင်းလင်းပြသပြီး ပြည်နယ်/ တိုင်းဒေသကြီးများမှ တာဝန်ရှိ သူများက အသုံးပြုရာတွင် လိုအပ် သည့်အချက်များကို ဆွေးနွေးခဲ့ ကြပြီး ဒုတိယဝန်ကြီးက လိုအပ် သည်များကို မှာကြားသည်။
Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေတို့မှ သိုလှောင်ရုံ ၁၉၃ လုံးကို မှတ်ပုံတင်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်