
နေပြည်တော် ဖေဖော်ဝါရီ ၂၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ် နိုင်ငံတကာပြပွဲ ဗဟိုဌာန၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက် အထိ ကျင်းပပြုလုပ်မည့် (၁၅)ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာ ပရိဘောဂနှင့်အိမ် အသုံးအဆောင်ပစ္စည်းများ ပြပွဲ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ် နိုင်ငံသို့ထွက်ခွာကြရာ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ ပြပွဲသည် နိုင်ငံတကာ မှ ပရိဘောဂပစ္စည်းများနှင့်အိမ် အလှဆင်ပစ္စည်းများ ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အခွင့် အလမ်းကောင်းများ ရရှိကာ မြန်မာ့ပရိဘောဂ ထုတ်ကုန် ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင် ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမို တိုးမြှင့်နိုင်မည်ဖြစ်သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ကုန်စည်ပြပွဲသို့ တက်ရောက်ပြီး ဗီယက်နမ်နိုင်ငံရှိ အုန်းသီး စိုက်ပျိုးထုတ်လုပ်တင်ပို့မှု အခြေ အနေများကို လေ့လာကာ စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်သည်။
ဒုတိယဝန်ကြီး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ တွင် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့် အသင်းဝင် လုပ်ငန်းရှင်များ လိုက်ပါသွားကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်