ဒုတိယဝန်ကြီး ဦးမြင့်စိုး(မြင့်စိုး - နတလ)က ပြန်ကြားရေးဝန်ကြီးဌာနရှိ ခရိုင်၊ မြို့နယ်စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်း

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးမြင့်စိုး    (မြင့်စိုး - နတလ)    က ပြန်ကြားရေးဝန်ကြီးဌာနရှိ ခရိုင်၊ မြို့နယ်      စာကြည့်တိုက်များ အတွက် ၎င်းကိုယ်တိုင် ရေးသား ပြုစုခဲ့သည့်  စာအုပ်များ ပေးအပ် လှူဒါန်းခြင်း    အခမ်းအနားကို ယနေ့   နံနက်ပိုင်းတွင်    နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပ သည်။ 


အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊       ဒုတိယ ဝန်ကြီး  ဦးရဲတင့်၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးမြင့်စိုး၊    အမြဲ တမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ   အကြီးအကဲများနှင့် တာဝန်ရှိသူများ    တက်ရောက်  ကြသည်။


ရှေးဦးစွာ      ဒုတိယဝန်ကြီး ဦးမြင့်စိုးက  မိုခါမုန်တိုင်းနှင့် ပတ် သက်၍ ဆောင်းပါးများ ရေးသား ဖြစ်ခဲ့ပုံနှင့် ရေးသားစဉ်ဖြစ်ပေါ်သည့် ခံစားချက်များ၊   အချက်အလက် များ စုဆောင်းခဲ့မှု၊ ဆောင်းပါးများ စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေ ချိန်တွင်လည်း အခမဲ့ဖြန့်ဝေပေး နေမှုနှင့်   စာအုပ်လှူဒါန်းရခြင်း အကြောင်းကို      ရှင်းလင်း    ပြော ကြားသည်။


စာအုပ် ၁၀၀ ပေးအပ်လှူဒါန်း


ထို့နောက်    ဒုတိယဝန်ကြီး ဦးရဲတင့်ထံသို့  ဒုတိယဝန်ကြီး ဦးမြင့်စိုးက    “ “မိုခါ”    မုန်တိုင်း ဒဏ်သင့်   ရခိုင်ဒေသ   ပြန်လည် ထူထောင်ရေးအတွက်     ကြိုးပမ်း ဆောင်ရွက်ချက်များ” စာအုပ်   ၁၀၀ ကို   ပေးအပ်လှူဒါန်းရာ  ဒုတိယ ဝန်ကြီး  ဦးရဲတင့်က  ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက စာအုပ်များ ပေးအပ်လှူဒါန်းသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စာအုပ်များကို      မြို့နယ်၊    ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ စာကြည့်တိုက် များတွင် ထားရှိဖတ်ရှုစေမည်ဖြစ် ကြောင်း၊ ဦးမြင့်စိုးအနေဖြင့် မိုခါ မုန်တိုင်းကြောင့်       ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်    ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ ကိုယ်တိုင်ရောက်ရှိ ပြီး ဌာနအသီးသီးမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊    မီးသတ်တပ်ဖွဲ့ ဝင်များ၊   ရပ်မိရပ်ဖများ၊   ဒေသခံ များ၊    ပြည်သူများ၏   ပြန်လည် ထူထောင်ရေး  လုပ်ငန်းများကို အသေးစိတ်  အချက်အလက်များ စုဆောင်းပြီး ရေးသားပေးခဲ့သည့် အတွက်လည်း   ကျေးဇူးတင်ရှိပါ ကြောင်း၊  ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက်      ဌာန အသီးသီး၏   ဆောင်ရွက်ခဲ့မှုများ လည်း မှတ်တမ်းတင်ပြီးသားဖြစ် သွားသည့်အတွက် အလွန်တန်ဖိုး ရှိသည့်  စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်ဟု      ပြောကြားလိုပါ ကြောင်း ပြောကြားခဲ့သည်။  

သတင်းစဉ်