ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပုသိမ်၊ အိမ်မဲ၊ ဝါးခယ်မ၊ မြောင်းမြနှင့် လပွတ္တာမြို့နယ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၂ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အတူ ပုသိမ် မြို့ရှိ ကိုးသိန်းဘောလုံးအားကစားကွင်း၌ မီတာ ၄၀၀ ပြေးလမ်းခင်းကျင်းနေမှုနှင့် ဘောလုံးကွင်း ပွဲကြည့်စင်တို့ကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး နှစ်ထပ်ဆောင် တည်ဆောက် နေမှုနှင့် မိုးလုံလေလုံအားကစားခန်းမ ပြန်လည် ပြုပြင်မွမ်းမံနေမှုတို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေးသည်။ ကြည့်ရှုစစ်ဆေး ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့နယ် ဘောလုံးအားကစားကွင်း မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ပြီးစီးမှုနှင့် မြို့နယ် အားကစားဦးစီးဌာနရုံးတို့ကို လည်းကောင်း၊ ဝါးခယ်မမြို့ အားကစားကွင်းအသစ်ဖောက်လုပ်မည့် လျာထားမြေနေရာကို လည်းကောင်း၊ ဝါးခယ်မမြို့ နယ်ရှိ ရွှေခယ်သီရိ မိုးလုံလေလုံအားကစားခန်းမ ကိုလည်းကောင်း၊ မြို့နယ်ဘောလုံးအားကစားကွင်း ကို လည်းကောင်း၊ မြောင်းမြပြည်သူ့ အားကစားကွင်း နှင့် အားကစားခန်းမများကို လည်းကောင်း၊ လပွတ္တာမြို့နယ် (၃)မိုင် မြို့သစ်ဘောလုံးအားကစား ကွင်း ဆောက်လုပ်မည့်မြေနေရာကို လည်းကောင်း၊ လပွတ္တာမြို့နယ် ပြည်သူ့အားကစားကွင်း၊ မိုးလုံ လေလုံအားကစားခန်းမနှင့် တင်းနစ်အားကစားကွင်း တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်